နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

ဆီရီးယား

ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

CNN- ဇန်နဝါရီလ ၁၈ရက်

ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်တပ်၏ ပြောကြားချက်အရ စနေနေ့တွင် မတ်စကာနာ (Maskanah) မြို့ကို ထိန်းချုပ် နိုင်ခဲ့ပြီး ဆက်လက်၍ ရှေ့တိုးလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်က သမ္မတ အာမက် အယ်လ်-ရှာရာ (Ahmed al-Sharaa) ဦးဆောင်သော အစ္စလာမ္မစ်အစိုးရ တက်လာပြီးကတည်းက ကာ့ဒ်များ အဓိကပါဝင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် ဆီးရီးယားစစ်တပ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့သည်။

၁၄ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် နိုင်ငံကို ပြန်လည်စုစည်းရန် ရှာရာက ကတိပြု ထားသော်လည်း၊ ကာ့ဒ်များကမူ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက် လိုလားနေကြသည်။ SDF တပ်မှူး မာဇလောင်မ် အဘ်ဒီ (Mazloum Abdi) က ပြီးခဲ့သည့် မတ်လက သဘောတူညီခဲ့သော အခြေခံမူများအတိုင်း အလက်ပိုအရှေ့ဘက်ရှိ တပ်စခန်းများမှ စနေနေ့တွင် စတင်ဆုတ်ခွာမည်ဟု သောကြာနေ့က ကတိပြုခဲ့သည်။

“မိတ်ဖက်နိုင်ငံတွေနဲ့ ကြားဝင်စေ့စပ်ပေးသူတွေရဲ့ တောင်းဆိုချက်အရ၊ နောက်ပြီး ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့နဲ့ မတ်လ ၁၀ ရက် သဘောတူညီချက်ကို လိုက်နာဖို့ ကျွန်တော်တို့ရဲ့ စေတနာကို ပြသတဲ့အနေနဲ့ ယူဖရေးတီးစ် (Euphrates) မြစ်အရှေ့ဘက်ခြမ်းကို ပြန်လည်တပ်ဖြန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု အဘ်ဒီက ပြောကြားခဲ့သည်။ တူရကီနယ်စပ်မှ တောင်ဘက်သို့ စီးဆင်းနေသော အဆိုပါမြစ်သည် ယခုအခါ နှစ်ဖက်တပ်များအကြား လက်တွေ့ကျသော နယ်နိမိတ်မျဉ်း ဖြစ်လာသည်။

ကာ့ဒ်များ ဆုတ်ခွာပေးခြင်းသည် ဆီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်ထားသော အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များ အဆိုပါဒေသသို့ လာရောက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အရပ်သားများ၏ အမြင်နှင့် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ

အလက်ပိုအရှေ့ဘက် ၅၀ ကီလိုမီတာခန့်အကွာရှိ ဒိုင်ယာဟာဖာ (Deir Hafer) မြို့သို့ ဆီးရီးယားစစ်တပ် ဝင်ရောက်လာသည့် ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာသည်။ “အထိအခိုက် အနည်းဆုံးနဲ့ ဖြစ်သွားတာကို ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီနိုင်ငံမှာ သွေးမြေကျခဲ့တာ လုံလောက်ပါပြီ” ဟု ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြား ခဲ့သည်။

သို့သော်လည်း အချို့ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တာ့ဗ်ကာ (Tabqa) တောင်ဘက်ရှိ သာဝရာ (Thawra) ရေနံမြေဒေသတွင် အစိုးရတပ်များနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေကြောင်း SDF က ပြောကြားပြီး ယင်းဒေသသည် သဘောတူညီချက်တွင် မပါဝင်ကြောင်း ဆိုသည်။ အမေရိကန် ပြည်ထောင်စုကမူ ဆီးရီးယား တပ်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တိုက်တွန်းထားသည်။

SDF အဖွဲ့က ဆီးရီးယားအစိုးရတပ်များသည် ၎င်းတို့တပ်များ ဆုတ်ခွာခြင်းမပြုမီ မြို့များ အတွင်း သို့ ဝင်ရောက်လာခြင်းကြောင့် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲ ထားသည်။ တစ်ဖက်တွင်လည်း ဆီးရီးယားစစ်တပ်က ကာ့ဒ်တိုက်ခိုက်ရေးသမားများသည် စစ်တပ်ကင်းလှည့်ယာဉ်ကို ပစ်ခတ်သဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ရာကွာ (Raqqa) မြို့သို့ သွားရာလမ်းရှိ တံတားတစ်စင်းတွင် မိုင်းထောင်ထားကြောင်း ပြန်လည် စွပ်စွဲ ခဲ့သည်။

ကာ့ဒ်လူမျိုးများ၏ အခွင့်အရေးနှင့် ရှေ့အလားအလာ

တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း သမ္မတ ရှာရာက ဆီးရီးယား ကာ့ဒ်နိုင်ငံသားများ၏ တရားဝင်ရပ်တည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို အာမခံသည့် အမိန့်ဒီကရီ တစ်ရပ်ကို သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် ကာ့ဒ်လူမျိုးများအတွက် အပြည့်အဝ နိုင်ငံသားအခွင့်အရေး ပေးအပ်ရန် ကတိပြုထားပြီး၊ ကာ့ဒ်ဘာသာစကားကိုလည်း “အမျိုးသား ဘာသာစကား” အဖြစ် အသိအမှတ်ပြုကာ ကျောင်းများတွင် သင်ကြားခွင့် ပြုမည်ဟု ပါရှိသည်။

သမ္မတ၏ အမိန့်နှင့် SDF ၏ ဆုတ်ခွာပေးမှုတို့သည် ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေး သဘောတူညီချက်သို့ ဦးတည်နိုင်မည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်သည်။ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ကာ့ဒ်များသည် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသအတော်များများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) ပြုတ်ကျပြီးနောက် တက်လာသည့် အစိုးရသစ်နှင့် ကာ့ဒ်တပ်ဖွဲ့များအကြား ၂၀၂၅ ခုနှစ်ကုန်တွင် တပ်မတော် အတွင်း အပြည့်အဝ ပေါင်းစည်းရန် မနှစ်က သဘောတူညီမှု ရခဲ့သော်လည်း လက်ရှိအချိန် အထိ တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။ အမေရိကန် အထူးကိုယ်စားလှယ် တွမ်ဘာရက်ခ် (Tom Barrack) သည်လည်း နှစ်ဖက်အကြား သဘောတူညီချက်ရရှိစေရန် ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေသည်။

စနေနေ့တွင် ဒီယာဟာဖာမြို့ထဲသို့ ဝင်ရောက်လာသော ဆီးရီးယားစစ်တပ်မှ စစ်သားများ ၎င်းတို့၏ယာဉ်များ (Bakr ALkasem/AFP/Getty Images)

စနေနေ့က ဆီးရီးယားနိုင်ငံ၊ ဒီယာဟာဖာမြို့သို့ ဦးတည်သော လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်စီးနေသော ဆီးရီးယားအစိုးရစစ်သားများ စက်သေနတ်များကို ကိုင်ဆောင်ထားစဉ် (Ghaith Alsayed/AP) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက