နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက်

Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး ဖြစ်နေခဲ့‌သည် ဟုသိရသည်။ ထို (G7) အစည်း အဝေး သည်အမေရိကန်နှင့်အီရန်တို့ အကြားငြိမ်းချမ်းရေး သဘောတူညီချက်ရရှိချိန်တွင်ဖြစ်ပွားခဲ့သည်။

သတင်းထောက်များက အီရန်နှင့်စစ်ပွဲရပ်ဆိုင်းရေး သဘောတူညီချက်ကို ဘာကြောင့် ယခုမထုတ်ပြန်သေးသနည်းဟုမေးမြန်းရာတွင် ထရန့်က သူ့အနေနှင့်ထုတ်ပြန်ပေးရန် ပြဿနာမရှိကြောင်းနှင့် စနစ်တကျပြုလုပ်ရန် စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး အီရန်အနေနှင့် နျူကလီယား လက်နက်ထုတ်လုပ်မှုကို မလုပ်နိုင် ရန်ကျိမ်းသေ စေမည်ဟုဆိုခဲ့သည်။ သူတို့အနေနှင့် တိုးတက်ဖွံ့ဖြိုးရေးကိုလုပ်ဆောင်နိုင်သော်လည်း နျူကလီယား လက်နက်ကိုမရရှိစေရဟု ထရန့်ကဆိုသည်။ ကာတာ၊ အီဂျစ်၊ နှင့် ယူအေအီးနိုင်ငံတို့မှခေါင်းဆောင်များကလည်း ထိုသဘောတူညီချက်ကို ဆွေးနွေးရန် တက်ရောက်ခဲ့ကြသည်။

ဟော်မုဒ်ရေလက်ကြားကိုယခုအပတ်သောကြာနေ့တွင်ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်းအီရန်နှင့်သဘောတူထားပြီးဖြစ်သည်ဟုထရန့်ကပြောဆိုခဲ့သည်။ ဒီအခြေအနေကနေ ဒုတိယအဆင့်ကို ဆက်လုပ်တဲ့အခါ ပိုလွယ်ကူပါလိမ့်မယ်ဟုထရန့်ကဆိုသည်။ ထရန့်က ကာတာနိုင်ငံ၏ဝါရှင်တန်နှင့်တီဟီရန်အကြား သဘောတူညီချက်ရရှိရန် ကြားဝင်၍ ပါဝင်ဆောင်ရွက် ပေးခဲ့သည့်ကိုယ်စားပြုလုပ်ဆောင်ချက်ကိုချီးကြူးပြောဆိုခဲ့သည်။

“ဒီသဘောတူညီချက်ဟာအလွန်အရေးကြီးပါတယ် ပြီးစီးအောင်ဆက်လုပ်စရာတွေ အများ ကြီး ကျန်နေပါသေးတယ် ဒီလိုအရှိန်ရနေတဲ့အချိန်မှာ ကျွန်တော်တို့ဆက်လက် လုပ်ဆောင် သွားမယ် ဆိုရင် ကျွန်တော်တို့ဒီဒေသကြီးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှာ ဖြစ်ပါတယ် သမတကြီး” ဟု ကာတာခေါင်းဆောင်ရှိတ် တာမင် ဘင် ဟာမက် အယ် သာနီ (Sheikh Tamim Bin Hamad Al Thani)က ထရန့်နှင့်အတူထိုင်ရင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ခေါင်းဆောင်များသည်ရုရှားကယူကရိန်းအပေါ်ဝင်ရောက်တိုက်ခိုက်မှုအပေါ် နှင့် ကိ့ဗ်ကို အနာဂါတ်တွင် မည်သို့ကူညီ ထောက်ပံ့ပေးကြမည်ကိုလည်းတွင်လည်း ဆွေးနွေး ခဲ့ကြသည်၊ဇလန်းစကီးသည်လည်းဤဆွေးနွေးပွဲကိုတက်ရောက်လာခဲ့သည်။

ဇလန်းစကီးက “ပူတင်အနေနဲ့ဒီစစ်ပွဲကိုရပ်ဖို့လိုတယ်၊ ကျွန်တော့မှာ နိုင်ငံခေါင်းဆောင်များ အားလုံးနဲ့ ဥရောပသမဂ္ဂခေါင်းဆောင်များ ကတညီတညွတ်တည်း ထောက်ခံထားမှုရှိတယ်၊ အားလုံးကတညီတညွတ်တည်းထောက်ခံထားတဲ့အတွက် ရုရှားဟာနိုင်ဖို့မရှိသလို လူအများအပြားလည်း ဆုံးရှုံးနေပါတယ်၊ ဒါကြောင့်သူ့အနေနဲ့ သ‌ဘောတူညီချက်ကို အမြန်ဆုံးလုပ်ဖို့လိုပါတယ်” ဟုဆိုခဲ့သည်။ ဇလန်းစကီးသည် ရုရှားဘဏ်လုပ်ငန်းစနစ်နှင့် စစ်ရေးဆိုင်ရာတို့တွင် ပိုမိုပြင်းထန်သည့်ပိတ်ဆို့မှုကိုချထားရန်ကြိုးစားခဲ့သည်။

တချိန်တည်းမှာပင်သမတထရန့်သည် သူ့အနေနှင့် ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန် သူ့အနေနှင့်တွန်းအား ပေးသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဇလန်းစကီးနှင့် အလွန် ကောင်းမွန်သော ဆွေးနွေးမှုရှိခဲ့ကြောင်း ဆိုခဲ့သည်။

ထရန့်က “ရုရှားအနေနဲ့သဘောတူချက်ယူဖို့လိုတယ် ရုရှားအနေနဲ့ အလွန်များပြားတဲ့ လူတွေကို ဆုံးရှုံးခဲ့ရတယ်၊ အလားတူယူကရိန်းလဲဆုံးရှုံးနေရတယ်”ဟုဆိုခဲ့သည်။

ဥရောပသံတမန်များက ယူကရိန်းအနာဂါတ်အတွက် ပြောဆိုဆွေးနွေးမှုများသည် အပြုသ‌ဘောဆောင်ကြောင်းဆိုကြသည်။

ဂျီ(၇) ခေါင်းဆောင်များသည် တရုတ်၏ကမ္ဘာ့စီးပွားရေးတွင် လွှမ်းမိုးနေမှုကိုဗုဒ္ဓဟူးနေ့တွင် စတင်ဆွေး‌နွေးကြရန် ရည်မှန်းထားခဲ့ကြသည်။

ဘရာဇီး၊ကင်ညာ၊ တောင်ကိုရီးယား၊ အိန္ဒိယ တို့ပါတက်ရောက်ခဲ့ကြသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 54 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 55 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက