နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

ဆီရီးယား

ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။

ဆီးရီးယားစစ်တပ် သိမ်းပိုက်နိုင်ခဲ့သည့် မြို့ကြီးများထဲတွင် တစ်ချိန်က အစ္စလာမ်မစ် နိုင်ငံတော် (ISIS) အဖွဲ့၏ မြို့တော်အဖြစ် နာမည်ကျော်ခဲ့သော ရက်ကာ (Raqqa) မြို့လည်း ပါဝင်သည်။ တည်နေရာအတည်ပြုထားသော ဗီဒီယိုမှတ်တမ်းများအရ တနင်္ဂနွေနေ့က မြို့လယ်ခေါင်တွင် မျိုးနွယ်စုလက်နက်ကိုင်များကို တွေ့ရပြီး အခြားရပ်ကွက်များတွင်လည်း စစ်တပ်ရောက်ရှိနေသည်ကို တွေ့ရသည်။

ဆီးရီးယားနိုင်ငံ၏ ရေနံသယံဇာတ အရင်းအမြစ်အများစုမှာလည်း ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ် သည်။ နယ်မြေများ သိမ်းပိုက်ပြီးနောက်တွင် ဆီးရီးယားသမ္မတက နိုင်ငံမြောက်ဘက် ခြမ်း ရှိ တိုက်ပွဲများကို ရပ်တန့်ရန် ကာ့ဒ်အများစုပါဝင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

SDF ခေါင်းဆောင် မာဇလောင် အာဘ်ဒီ (Mazloum Abdi) ကလည်း “ ဒီစစ်ပွဲကို ရပ်တန့်ဖို့ အတွက် ဒိုင်ယာအီဇော (Deir Ezzor) နဲ့ ရက်ကာ တပ်ဖွဲ့တွေကို ဟာဆာကာ (Hasakah) ဒေသဆီ ဆုတ်ခွာဖို့” သဘောတူညီချက် ရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း တနင်္လာနေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေကြောင်း သတင်းရရှိသည်။ ISIS အကျဉ်းသားများ ထိန်းသိမ်းထားသည့် ထောင်နှစ်ခုအနီးတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေကြောင်း SDF က ပြောကြားပြီး၊ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကမူ SDF သည် ဟာဆာကာပြည်နယ်၊ ရှာဒါဒီ (Shadaddi) ရှိ ထောင်မှ အကျဉ်းသားအချို့ကို ထွက်ပြေးခွင့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။ SDF ဘက်ကမူ အဆိုပါထောင်သည် “ ကျွန်ုပ်တို့တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း” တုံ့ပြန်ခဲ့သည်။

အဆိုပါ စွပ်စွဲချက်များအပေါ် CNN အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကာကွယ်ရေးဝန်ကြီးဌာနက စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ သဘောတူညီ ချက်ကို ပျက်ပြားအောင် လုပ်ဆောင်နေသည့် ကာ့ဒ် PKK အဖွဲ့နှင့် အာဆတ်အစိုးရ လက်ကျန်များကို အပြစ်တင်ခဲ့သည်။

ဒီပဋိပက္ခက ဘာကြောင့်ဖြစ်လာတာလဲ။

ယခုကဲ့သို့ ကာ့ဒ်ထိန်းချုပ်နယ်မြေများအတွင်းသို့ ရုတ်တရက် ထိုးစစ်ဆင်လာခြင်းသည် ယခုလအစောပိုင်းက အလက်ပို (Aleppo) မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ဖြစ်ပွား ခဲ့သော ထိတွေ့မှုများကြောင့် ဖြစ်သည်။ SDF သည် ၂၀၂၄ ခုနှစ်တွင် အာဏာရှင် ဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချခဲ့သည့် သူပုန်မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းမရှိဘဲ အမေရိကန်၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က SDF သည် အလက်ပိုဒေသမှ ယူဖရေးတီးစ်မြစ် အရှေ့ဘက်ကမ်း သို့ ဆုတ်ခွာပေးရန် သဘောတူခဲ့ပြီး ၎င်းမှာ အစိုးရသစ်ထံသို့ ပထမဆုံးအကြိမ် နယ်မြေ ပေးအပ် လိုက်ခြင်း ဖြစ်သည်။ သို့သော် ဆီးရီးယားစစ်တပ်သည် သဘောတူညီချက်တွင် မပါဝင်သည့် နယ်မြေများအတွင်းသို့ပါ ဆက်လက်ဝင်ရောက်လာခဲ့သဖြင့် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။ ၎င်းကြောင့် SDF သည် သယံဇာတနှင့် စိုက်ပျိုးရေးမြေ ကောင်းများကို ဆုံးရှုံးခဲ့ရသည်။

ဆီးရီးယားတပ်ဖွဲ့တွေ ဘာတွေကို သိမ်းပိုက်လိုက်တာလဲ။

စစ်တပ်နှင့် မဟာမိတ်မျိုးနွယ်စုများသည် အလက်ပို၊ ရက်ကာနှင့် အီရတ်နယ်စပ်ရှိ ဒိုင်ယာအီဇော ပြည်နယ်အများစုကို သိမ်းပိုက်လိုက်ပြီဖြစ်ကာ၊ အာရပ်လက်နက်ကိုင် များသည်လည်း ဟာဆာကာပြည်နယ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။

ဆီးရီးယားစွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ ယူဖရေးတီးစ်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် ဆည်နှစ်ခု ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါဆည်ကြီးမှာ နိုင်ငံ၏ သောက်သုံးရေ အများစုကို ပံ့ပိုးပေးနေပြီး ပြန်လည်ပြုပြင်ပြီးပါက လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် al-Omar အပါအဝင် အကြီးဆုံးသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများကိုလည်း အစိုးရက ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်အရ အစိုးရသည် ရက်ကာနှင့် ဒိုင်ယာအီဇောမြို့များကို ချက်ချင်းထိန်းချုပ်မည်ဖြစ်ပြီး ရေနံမြေများနှင့် နိုင်ငံတကာ နယ်စပ်များကိုလည်း လွှဲပြောင်းယူမည် ဖြစ်သည်။

အရင်က ဆွေးနွေးပွဲတွေ ဘာကြောင့် မအောင်မြင်ခဲ့တာလဲ။

နှစ်ပေါင်းများစွာအတွင်း SDF သည် အာရပ်မျိုးနွယ်စုအများစု နေထိုင်သည့် ဒေသများကို ထိန်းချုပ်ထားခဲ့ပြီး ယခုအခါ ထိုမျိုးနွယ်စုများက ၎င်းတို့ကို ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။ အစောပိုင်းက အိမ်စောင့်သမ္မတ အာမတ်အယ်လ်ရှာရာ (Ahmad al-Sharaa) က ဖက်ဒရယ်စနစ်ကို ငြင်းပယ်ပြီး ဗဟိုအစိုးရ၏ အာဏာသည် တစ်နိုင်ငံလုံးအနှံ့ သက်ရောက် ရမည်ဟု တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် နှစ်ဖက်ခေါင်းဆောင်များအကြား သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သော်လည်း ကာ့ဒ်တို့က ၎င်းတို့ထိန်းချုပ်နယ်မြေများကို လက်လွှတ်ရန် ဝန်လေး နေခဲ့သလို၊ ကာ့ဒ်တပ်ဖွဲ့များကို အမျိုးသားတပ်မတော်အတွင်း ပေါင်းစည်းရေးတွင်လည်း သဘောတူညီမှု မရရှိခဲ့ကြပေ။

တနင်္ဂနွေနေ့တွင် အာမတ်အယ်လ်ရှာရာက “ ကျွန်ုပ်တို့ရဲ့ အာရပ်မျိုးနွယ်စုတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့နဲ့ သဘောတူညီချက်ပါ အချက်အလက်တွေကို အကောင်အထည် ဖော်ဖို့ အခွင့်အရေးပေးကြပါ” ဟု ပြောကြားခဲ့သည်။

ရက်ကာမှာ ဘာတွေဖြစ်နေလဲ။

အစိုးရတပ်ဖွဲ့များသည် ရက်ကာမြို့ကို တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သည်။ ISIS ထံမှ လွတ်မြောက်ပြီးကတည်းက အဆိုပါမြို့ကို ကာ့ဒ်ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က စီမံခန့်ခွဲခဲ့ခြင်း ဖြစ်သည်။

ဒေသခံ မိုဟာမက် ခါလူစီက Reuters သို့ ပြောကြားရာတွင် “ ဒီ (ကာ့ဒ်) ဂိုဏ်းရန်ကနေ လွတ်မြောက်ဖို့ စစ်တပ်ရောက်လာမှာကို တစ်မြို့လုံးက စောင့်နေခဲ့တာ” ဟု ဆိုသည်။ အလားတူ ဒေသခံ အာမတ်အယ်လ်ဟတ်ဂျ် မူလာကလည်း SDF ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆန့်ကျင်သူမှန်သမျှ ထောင်ချခံရကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ဆီးရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန် တွမ်ဘားရတ် (Tom Barrack) ကမူ ယခုအပစ်အခတ်ရပ်စဲရေးသည် ညီညွတ်သော ဆီးရီးယားနိုင်ငံဆီသို့ ဦးတည်သည့် ဆွေးနွေးမှုများအတွက် လမ်းခင်းပေးနိုင်လိမ့်မည်ဟု ချီးကျူးခဲ့သည်။

ဒါဟာ ISIS ကို တိုက်ဖျက်ရေးအပေါ် သက်ရောက်မှုရှိမလား။

ယခုကဲ့သို့ မတည်ငြိမ်မှုများသည် ဆီးရီးယားကျေးလက်ဒေသများရှိ ISIS လက်ကျန်များကို တိုက်ဖျက်နေသည့် မဟာမိတ်တပ်ဖွဲ့များ၏ ကြိုးပမ်းမှုကို ထိခိုက်စေမည်ကို အမေရိကန်က စိုးရိမ်နေသည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် တပ်မှူး အက်ဒ်မီရယ် ဘရတ်ကူးပါး (Brad Cooper) က ISIS ကို ဘုံရန်သူအဖြစ် တိုက်ခိုက်နိုင်ရန်အတွက် အစိုးရတပ်အနေဖြင့် ထိုးစစ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ သို့သော် တနင်္ဂနွေနေ့ သဘောတူညီချက်အရ ISIS အကျဉ်းသားများ ထိန်းသိမ်းထားသည့် စခန်းများ၏ လုံခြုံရေးကို အစိုးရက တာဝန်ယူမည်ဟု ဆိုထားသည်။

ဓါတ်ပုံစာညွှန်းများ –

  • ပုံ ၁: ၂၀၂၆ ဇန်နဝါရီ ၁၇ ရက်၊ ရက်ကာပြည်နယ်တွင် ဆီးရီးယားအစိုးရတပ်က ကာ့ဒ်တပ်ဖွဲ့များရှိရာသို့ ဒုံးကျည်ဖြင့် ပစ်ခတ်နေစဉ်။
  • ပုံ ၂: ၂၀၂၆ ဇန်နဝါရီ ၁၈ ရက်၊ SDF တပ်များ ဆုတ်ခွာသွားပြီးနောက် al-Tabqa မြို့အတွင်း ဆီးရီးယားစစ်သားများ နေရာယူထားစဉ်။
  • ပုံ ၃: al-Tabqa မြို့ကို ဆီးရီးယားစစ်တပ် သိမ်းပိုက်ပြီးနောက် ဒေသခံများက ကာ့ဒ်အမျိုးသမီးတိုက်ခိုက်ရေးသမား ရုပ်တုကို ဖြိုချနေစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 31 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 32 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်