နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း?

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် ဆက်လက်တိုက်တွန်းနေခြင်းကြောင့် အာတိတ်ဒေသနှင့် ပတ်သက်သော အငြင်းပွားမှုများသည် ယခင်ကထက်ပို၍ အရှိန်မြင့်လာနေသည်။

အမေရိကန်၏ အနီးကပ်ဆုံးနှင့် အယုံကြည်ရဆုံး မဟာမိတ်တစ်ဦး၏ ပိုင်နက်ကို သိမ်းယူရန် ထရမ့်၏ တောင်းဆိုချက်များက ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သော်လည်း၊ အာတိတ်ဒေသ အတွက် အားပြိုင်ပွဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။

၎င်းပြိုင်ပွဲတွင် ရုရှားက အချိန်အတော်ကြာအောင် အသာစီးရနေခဲ့သည်။

အာတိတ်ဒေသတွင် မော်စကို၏ လွှမ်းမိုးမှုမှာ ငြင်းချက်ထုတ်စရာ မရှိပေ။ အာတိတ်စက်ဝိုင်း မြောက်ဘက်ရှိ ကုန်းမြေ၏ ထက်ဝက်ခန့်နှင့် အထူးစီးပွားရေးဇုန် ရေပိုင်နက်၏ ထက်ဝက်ခန့် ကို ရုရှားက ထိန်းချုပ်ထားသည်။ အာတိတ်ဒေသတွင် နေထိုင်သူများ၏ သုံးပုံနှစ်ပုံမှာ ရုရှားတွင် နေထိုင်ကြသည်။

အာတိတ်ဒေသဆိုင်ရာ ကောင်စီ (Arctic Council) ၏ အဆိုအရ အာတိတ်ဒေသသည် ကမ္ဘာ့စီးပွားရေး၏ ၀.၄ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း၊ ရုရှားသည် ထိုဒေသ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားသည်။

ရုရှား၏ အာတိတ်စစ်အင်အား

ရုရှားသည် အာတိတ်ဒေသရှိ စစ်ရေးခြေရာကို ဆယ်စုနှစ်ပေါင်းများစွာကတည်းက တိုးချဲ့လာခဲ့ပြီး၊ ရှိရင်းစွဲနှင့် အသစ်တည်ဆောက်သော စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အာတိတ်ဒေသ လုံခြုံရေးနှင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို စောင့်ကြည့်နေသည့် ကနေဒါအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သော Simons Foundation ၏ အဆိုအရ၊ ကျယ်ပြန့်သော အာတိတ်ဒေသအတွင်း စစ်ဘက်ဆိုင်ရာနေရာ ၆၆ ခုနှင့် အခြားသော ကာကွယ်ရေး တပ်ဆင်မှုများနှင့် ကင်းစခန်း ရာပေါင်းများစွာ ရှိနေသည်။

လူသိရှင်ကြား ထုတ်ပြန်ထားသော အချက်အလက်များနှင့် Simons Foundation ၏ သုတေသနပြုချက်များအရ ၎င်းတို့အနက် ၃၀ မှာ ရုရှားတွင် ရှိပြီး၊ ၃၆ ခုမှာ အာတိတ်ပိုင်နက် ရှိသည့် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများတွင် ရှိသည် (နော်ဝေတွင် ဗြိတိန်အခြေစိုက်စခန်း တစ်ခုအပါအဝင် ၁၅ ခု၊ အမေရိကန်တွင် ၈ ခု၊ ကနေဒါတွင် ၉ ခု၊ ဂရင်းလန်းတွင် ၃ ခုနှင့် အိုက်စလန်တွင် ၁ ခု)။

စခန်းအားလုံး၏ စွမ်းဆောင်ရည်မှာ တူညီမှုမရှိဘဲ လက်ရှိတွင် ရုရှားအနေဖြင့် နေတိုး၏ စစ်ရေးစွမ်းဆောင်ရည်ကို မယှဉ်နိုင်ဟု ကျွမ်းကျင်သူများက ဆိုသော်လည်း၊ ရုရှား၏ စစ်ရေး တည်ရှိမှု အတိုင်းအတာနှင့် မော်စကိုက မကြာသေးမီနှစ်များအတွင်း တိုးချဲ့လာသည့် အရှိန် အဟုန်မှာ အဓိက စိုးရိမ်စရာ ဖြစ်နေသည်။

ဗြိတိန်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့ (RUSI) က ရုရှားသည် ၎င်း၏ အာတိတ်စစ်အင်အား၏ ကျောရိုးဖြစ်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအုပ်စု ကို ခေတ်မီအောင် ပြုလုပ်ရန် မကြာသေးမီနှစ်များအတွင်း ငွေကြေးနှင့် ကြိုးပမ်းအားထုတ်မှု အမြောက်အမြား ရင်းနှီးမြှုပ်နှံထားကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းတွင် စစ်ပွဲ ဆက်လက် ဖြစ်ပွားနေစဉ်အတွင်း ရုရှားသည် ၎င်း၏ ရေဒါ၊ ဒရုန်းနှင့် ဒုံးကျည် စွမ်းဆောင်ရည် များကိုလည်း မြှင့်တင်ခဲ့သည်။

အခြေအနေများမှာ အမြဲတမ်း ဤသို့ စိုးရိမ်စရာ ဖြစ်မနေခဲ့ပါ။ စစ်အေးတိုက်ပွဲ ပြီးဆုံး ပြီးနောက် နှစ်ပေါင်းများစွာအတွင်း အာတိတ်ဒေသသည် ရုရှားနှင့် အနောက်နိုင်ငံများ အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်တစ်ခု ဖြစ်ပုံရခဲ့သည်။

၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သော အာတိတ်ကောင်စီသည် ရုရှားနှင့် အခြားအာတိတ်နိုင်ငံ ၇ ခုကြား နီးကပ်သော ဆက်ဆံရေးရှိစေရန်နှင့် ဇီဝမျိုးစုံမျိုးကွဲ၊ ရာသီဥတုနှင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကဲ့သို့သော ကိစ္စရပ်များတွင် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့သည်။

တစ်ချိန်က လုံခြုံရေးကိစ္စရပ်များတွင်ပင် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းမှုရှိခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား (Crimea) ကို ရုရှားက တရားမဝင် သိမ်းပိုက်မှုကြောင့် ထုတ်ပယ်မခံရမီအထိ ရုရှားသည် အာတိတ်ကာကွယ်ရေး ဦးစီးချုပ်များဖိုရမ်၏ အဆင့်မြင့်အစည်းအဝေး နှစ်ခုသို့ တက်ရောက်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ပြီးနောက်၊ အနောက် နိုင်ငံများနှင့် မော်စကိုကြား ဆက်ဆံရေးမှာ စစ်အေးတိုက်ပွဲနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံအမျိုးမျိုးကို ရပ်ဆိုင်းထားခဲ့သည်။

၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင် ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့သို့ ဝင်ရောက်လာခြင်းက အာတိတ် ဒေသကို ရုရှားထိန်းချုပ်သော တစ်ခြမ်းနှင့် နေတိုးထိန်းချုပ်သော တစ်ခြမ်းဟူ၍ ထက်ဝက် ခန့်စီ ထိရောက်စွာ ကွဲပြားသွားစေခဲ့သည်။

အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ရည်မှန်းချက်များကို ထောက်ပြလျက် အမေရိကန် သည် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကြောင့် ဂရင်းလန်းကို “ လိုအပ်သည်” ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကျွန်းကြီးကို အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားသည့် ဒိန်းမတ်နိုင်ငံသည် ၎င်းနိုင်ငံနှစ်ခုမှ လာမည့် ခြိမ်းခြောက်မှုများကို ခုခံကာကွယ်ရန် အင်အားမရှိကြောင်း သူက ငြင်းချက်ထုတ်ထားသည်။

တရုတ်နိုင်ငံသည် အာတိတ်နိုင်ငံ မဟုတ်သော်လည်း ထိုဒေသအပေါ် စိတ်ဝင်စားမှုကို ဖုံးကွယ်မထားပေ။ ၎င်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် မိမိကိုယ်ကိုယ် “ အာတိတ်အနီးရှိ နိုင်ငံ” (near-Arctic state) အဖြစ် ကြေညာခဲ့ပြီး အာတိတ်သင်္ဘောလမ်းကြောင်းအတွက် “ ဝင်ရိုးစွန်း ပိုးလမ်းမ” (polar silk road) အစီအစဉ်ကို ချမှတ်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် ရုရှားတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်း အဖြစ် အာတိတ်ဒေသ၌ ပူးတွဲကင်းလှည့်မှုတစ်ခုကို စတင်ခဲ့သည်။

သို့သော် လုံခြုံရေးတစ်ခုတည်းကြောင့် အာတိတ်ဒေသကို စိတ်ဝင်စားမှု တိုးလာခြင်း မဟုတ်ပါ။ ရာသီဥတု ဖောက်ပြန်မှု ဆိုးရွားလာသည်နှင့်အမျှ ထိုဒေသသည် ကမ္ဘာ့ပျမ်းမျှထက် လေးဆခန့် ပိုမိုပူနွေးလာပြီး ကမ္ဘာပေါ်ရှိ အခြားဒေသများထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲ နေသည်။

ပင်လယ်ရေခဲများမှာ လျင်မြန်စွာ လျော့နည်းလာနေသည်။ ၎င်းသည် သဘာဝလောကနှင့် ယင်းကို မှီခိုနေရသူများ၏ လူနေမှုဘဝအတွက် အလွန်အမင်း ထိခိုက်ပျက်စီးစေမည့် အကျိုးဆက်များ ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးနေသော်လည်း၊ ရေခဲများ အရည်ပျော်ခြင်းက သတ္တုတွင်းတူးဖော်ရေးနှင့် သင်္ဘောသယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ကြီးမားသော စီးပွားရေး အခွင့်အလမ်းများကို ပွင့်စေနိုင်သည်ဟု ငြင်းခုံသူများလည်း ရှိသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်က အသုံးမပြုနိုင်လုနီးပါး ဖြစ်ခဲ့သော သင်္ဘောလမ်းကြောင်း နှစ်ခုမှာ ယခုအခါ ရေခဲများ အရည်ပျော်မှုကြောင့် ပွင့်လာနေပြီ ဖြစ်သည်။ သို့သော် သုတေသီ များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကမူ ဤကဲ့သို့ ဝေးလံပြီး အန္တရာယ်ရှိသော သဘာဝပတ်ဝန်းကျင်သို့ သင်္ဘောအုပ်စုများ စေလွှတ်ခြင်းသည် ဂေဟစနစ်နှင့် လူသားမျိုးနွယ် အတွက် ဘေးအန္တရာယ် တစ်ခုဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

ရုရှားမြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် သွယ်တန်းနေသော မြောက်ဘက်ပင်လယ် လမ်းကြောင်း (Northern Sea Route) နှင့် မြောက်အမေရိက ကမ်းရိုးတန်းတစ်လျှောက်ရှိ မြောက်ဘက်အနောက်ပိုင်း လမ်းကြောင်း (Northwest Passage) တို့သည် ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းကတည်းက နွေရာသီ အမြင့်ဆုံးအချိန်များတွင် ရေခဲကင်းစင်လုနီးပါး ဖြစ်နေ ခဲ့သည်။

မြောက်ဘက်ပင်လယ် လမ်းကြောင်းသည် အာရှနှင့် ဥရောပကြား သင်္ဘောခရီးစဉ် အချိန်ကို နှစ်ပတ်ခန့်အထိ လျှော့ချပေးနိုင်ပြီး၊ ၎င်းမှာ သမားရိုးကျ စူးအက်တူးမြောင်း လမ်းကြောင်း ထက် ထက်ဝက်ခန့် ပိုမိုမြန်ဆန်သည်။

ယခင် ဆိုဗီယက်ခေတ်က ရုရှားသည် ဝေးလံခေါင်သီသော နေရာများသို့ ရောက်ရှိရန် ဤလမ်းကြောင်းအချို့ကို အသုံးပြုခဲ့သော်လည်း၊ ကြုံတွေ့ရသည့် အခက်အခဲများကြောင့် နိုင်ငံတကာ သင်္ဘောလမ်းကြောင်းအဖြစ် အသုံးမပြုဘဲ လျစ်လျူရှုထားခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်များ အစောပိုင်းတွင် ထိုလမ်းကြောင်းကို ပိုမိုအသုံးပြုနိုင်လာချိန်မှစ၍ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီး၊ တစ်နှစ်လျှင် အနည်းငယ်သာရှိသော ခရီးစဉ် အရေအတွက်မှာ ယခုအခါ ၁၀၀ ခန့်အထိ တိုးတက်လာခဲ့သည်။ ရုရှားသည် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် ပိတ်ဆို့အရေးယူမှုများကြောင့် ဥရောပသို့ ရောင်းချ၍မရတော့သော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ဤလမ်းကြောင်းကို ပိုမို အသုံးပြု လာခဲ့သည်။

အလားတူပင် မြောက်ဘက်အနောက်ပိုင်း လမ်းကြောင်းသည်လည်း ပိုမိုအသုံးပြုနိုင်လာပြီး ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက တစ်နှစ်လျှင် နှစ်ကြိမ်ခန့်သာ ရှိခဲ့သော ခရီးစဉ်အရေ အတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၄၁ ကြိမ်အထိ မြင့်တက်လာခဲ့သည်။

အနာဂတ်တွင် မြောက်ဝင်ရိုးစွန်းကို တိုက်ရိုက်ဖြတ်သန်းမည့် တတိယမြောက် ဗဟိုလမ်း ကြောင်း တစ်ခုလည်း ဖြစ်နိုင်ခြေရှိနေသည်။ သို့သော် ဤသို့ဖြစ်လာရန် လိုအပ်သော ရေခဲအရည်ပျော်မှု အဆင့်သည် ကမ္ဘာကြီး ပူနွေးမှုကို မြန်ဆန်စေခြင်း၊ ပြင်းထန်သော မိုးလေဝသ အခြေအနေများ ဖြစ်ပေါ်ခြင်းနှင့် ဒေသတွင်းရှိ တန်ဖိုးရှိသော ဂေဟစနစ်များကို ပျက်စီးစေခြင်း စသည့် ထိတ်လန့်ဖွယ် အကျိုးဆက်များကို ဆောင်ကြဉ်းလာမည် ဖြစ်သည်။

သတ္တုတွင်း တူးဖော်ရေးနှင့် ပတ်သက်၍လည်း ရေခဲများ အရည်ပျော်ခြင်းကြောင့် ယခင်က မရရှိနိုင်ခဲ့သော မြေယာများ ပေါ်ထွက်လာနိုင်သည့် အလားအလာ ရှိနေသည်။ ဒိန်းမတ်နှင့် ဂရင်းလန်း ဘူမိဗေဒ လေ့လာရေးဌာန၏ အဆိုအရ ဂရင်းလန်းကျွန်းသည် ကျောက်မီးသွေး၊ ကြေးနီ၊ ရွှေ၊ မြေရှားသတ္တုများနှင့် သွပ်ဓာတ်များ ထွက်ရှိရာ အချက်အချာနေရာ ဖြစ်လာနိုင်သည်။

သို့သော်လည်း ဂရင်းလန်း၏ သတ္တုသိုက် အများအပြားမှာ တစ်နှစ်ပတ်လုံးနီးပါး မှောင်မည်း နေပြီး တစ်မိုင်ခန့် ထူထပ်သော ရေခဲပြင်များရှိသည့် အာတိတ်စက်ဝိုင်း အထက်ပိုင်းရှိ ဝေးလံခေါင်သီသော ဒေသများတွင် ရှိနေသဖြင့် ၎င်းတို့ကို ထုတ်ယူရန် အလွန်ခက်ခဲပြီး ကုန်ကျစရိတ် ကြီးမားလိမ့်မည်ဟု သုတေသီများက ဆိုသည်။

ဤသယံဇာတများကို အမေရိကန်၏ အကျိုးအမြတ်အတွက် အလွယ်တကူ ထုတ်ယူနိုင်သည် ဟူသော အယူအဆမှာ “ လုံးဝ ရူးသွပ်သော အတွေး” ဖြစ်ကြောင်း အာတိတ်အင်စတီကျု (The Arctic Institute) ကို တည်ထောင်သူ မဲလ်တီ ဟန့်ပတ် (Malte Humpert) က CNN သို့ ပြောကြားခဲ့သည်။

ထရမ့်သည် မကြာသေးမီက ဂရင်းလန်း၏ လုံခြုံရေးကဏ္ဍကို အာရုံစိုက်နေသော်လည်း၊ သူ၏ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း မိုက်ဝေါ့ဇ် (Mike Waltz) က ၂၀၂၄ ခုနှစ်တွင် Fox News သို့ ပြောကြားရာ၌ အစိုးရအဖွဲ့၏ ဂရင်းလန်းအပေါ် အာရုံစိုက်မှုသည် “ အရေးကြီးသော သတ္တုများနှင့် သဘာဝသယံဇာတများ အတွက်” သာအဓိက ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် Kivilompolo နယ်စပ်ဖြတ်ကျော်ရေးစခန်း၌ ဆွီဒင်နှင့် ဖင်လန်တပ်ဖွဲ့များ၏ နယ်စပ်ဖြတ်ကျော်ရေးလေ့ကျင့်ခန်းအပြီးတွင် တင့်ကားတစ်စင်း ဘေးတွင် လမ်းလျှောက်နေသော ဖင်လန်စစ်သားများ။ Jonathan Nackstrand/AFP/Getty Images (ပုံ)

အာတိတ်ဒေသတွင်ရှိပင်လယ်ခရီးဖြတ်သန်းသွားလာနိုင်မှုလမ်းကြောင်းပြမြေပုံ (ပုံ)

ဂရင်းလမ်းတွင် အမျိုးသမီးတဦး အမေရိကန်တောင်းဆိုမှုကို ဆန့်ကျင်ဆန္ဒပြနေစဥ်နှင့်ချီတက် သူများ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ တည်းသာ ထွက်ပေါ်လာခဲ့သည်- ၎င်းမှာ အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဖြန့်ဝေခဲ့သော အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်နေသည့်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 61 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။