ဧပြီလ (၂၂)ရက်။
တနင်္သာရီဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တာကြောင့် ဘေးကင်းရာပြောင်းရွှေ့ဖို့ PDF မြိတ်ခရိုင်တပ်ရင်း(၂)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့ ဘောဓိကမ်း-ညောင်ပင်ကွင်းရွာလမ်းပိုင်းရှိ ဘန်လော၊ (၅)မိုင်၊ (၆)မိုင်နဲ့ ထုံးတော်ရွာတလျှောက်မှာ စစ်ကော်မရှင်တပ်က အင်အားသုံး တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဲ့ဒီလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ၊ စစ်ကော်မရှင်တပ်တွေရဲ့ ဒရုန်းနဲ့ လေယာဉ်အန္တရာယ်တွေ အချိန်မရွေး ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေ တင်းမာတာတွေကြောင့် ပြည်သူတွေရဲ့ အသက်အန္တရာယ် ဘေးကင်းလုံခြုံဖို့ ထုတ်ပြန်တဲ့နေ့ကစပြီး အဲ့ဒီလမ်းပိုင်းကို အသုံးမပြုဖို့ အသိပေးထားတယ်လို့ သိရပါတယ်။








