နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

IPDF အပါအဝင် မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ ဖွဲ့စည်း

ဖေဖေယ်ဝါရီလ (၂၃)ရက်။

အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင် ပြင်ဆင်ဖွဲ့စည်းတာလို့ ဆိုပါတယ်။

ပြင်ဆင်ဖွဲ့စည်းတဲ့ IRLO မှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု(IFDM)၊ ညောင်ရွှေမြို့နယ်ပညာရေးဘုတ်အဖွဲ့(Boe-Nyaung Shwe)နဲ့ အင်းလေးဆေးအဖွဲ့(IMT)အပြင်  အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့(IPM)တို့ စုပေါင်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

IRLO အနေနဲ့ အင်းလေးဒေသထဲရှိ အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားညီအကိုတွေအားလုံး တန်းတူပါဝင်ခွင့်ရှိတဲ့ မိမိတို့ဒေသရဲ့ ကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးစီမံနိုင်တဲ့ ဒေသန္တရအုပ်ချုပ်ရေးကို တည်ဆောက်သွားမယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အင်းလေးဒေသနဲ့ ထိုက်တန်တဲ့ တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ လူ့အခွင့်အရေးပြည့်ဝမှုကို အခြေခံပြီး တည်ဆောက်သွားမယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

သယံဇာတ ထုတ်ယူသုံးစွဲတာထက် အသိပညာ၊ အတတ်ပညာနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကမဏ္ဍိုင်ပြုတဲ့ ခေတ်မီဒေသတခု ဖော်ဆောင်ပြီး ပျက်စီးနေတဲ့ အင်းလေးကန်ကို ပြန်လည်ကုစားကာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ဒေသထဲရှိ ပြည်သူတွေနဲ့ ပြည်နယ်ထဲနေထိုင်တဲ့ အင်းလေးသားတွေ၊ နိုင်ငံတကာရောက် အင်းလေးဒေသဖွားအားလုံးအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်မြောက်မှုအတွက် လက်တဲပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို