နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။ ယူကရိန်းတိုက်ပွဲများ ရပ်တန့်ရေး ကြိုးပမ်းမှုများကို အီရန်ပဋိပက္ခ ပြီးဆုံးမှသာ ပြန်လည်စတင်နိုင်မည်ဟု တွေးတောခြင်းမှာ “ကြီးမားသော စွန့်စားမှု” ဖြစ်ကြောင်း ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့ရှိ သမ္မတရုံးခန်းမှတစ်ဆင့် CNN ၏ ခရစ္စတီယန် အာမန်ပူရ်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းခန်းတွင် ဇလန်းစကီးက ပြောကြားရာ၌ – အမေရိကန်ပြည်ထောင်စုနှင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ရှိနေသော်လည်း “အီရန်အရေးကိစ္စ မပြီးမချင်း တွေ့ဆုံဖို့ အခွင့်အလမ်းကို ကျွန်တော် မမြင်မိဘူး” ဟု ဆိုသည်။

အမေရိကန်စေလွှတ်ချက် စတိဗ် ဝစ်ကော့ဖ်နှင့် သမ္မတ ဒေါ်နယ်ထရန့်၏ သားမက်ဖြစ်သူ ဂျာရက် ကွပ်ရှ်နာတို့ ဦးဆောင်သည့် အမေရိကန်ညှိနှိုင်းရေးအဖွဲ့သည် အီရန်စစ်ပွဲနှင့် ယူကရိန်းစစ်ပွဲ နှစ်ခုလုံးအတွက် ဆွေးနွေးပွဲများကို တာဝန်ယူနေရခြင်းမှာ “စိန်ခေါ်မှု” တစ်ရပ်ဖြစ်ကြောင်း ဇလန်းစကီးက ထောက်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်ရှိတွင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အာရုံစိုက်နေသည်ကို နားလည်သော်လည်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းကို မေ့လျော့မထားရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းခေါင်းဆောင်က “ယူကရိန်းအကြောင်းကို နောက်မှပဲ ဆွေးနွေးကြတာပေါ့” ဟု ပြောဆိုရန်မှာ ရွေးချယ်စရာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ယူကရိန်းဆိုတာ ‘ခဏနေမှ’ ဆိုတဲ့အရာမျိုး မဟုတ်ပါဘူး။ ယူကရိန်းဟာ ကြီးမားတဲ့ အနိဋ္ဌာရုံနဲ့ ရင်ဆိုင်နေရပြီးသားပါ။ ဒါကို ကျွန်တော်တို့ တပြိုင်တည်း ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

စစ်ပွဲကြောင့် ယူကရိန်းအတွက် အဓိကလက်နက် ထောက်ပံ့မှုအချို့၊ အထူးသဖြင့် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ် (Anti-ballistic missiles) များမှာ အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၊ အမေရိကန်၏ ထုတ်လုပ်မှုစွမ်းအား ကန့်သတ်ချက်ကြောင့် ယူကရိန်း အနေဖြင့် လုံလောက်စွာ မရရှိကြောင်းလည်း ၎င်းက CNN သို့ ပြောကြားခဲ့သည်။

အသက်ရှင်သန်ရေးနှင့် ရပ်တည်ရေးဆိုင်ရာ မေးခွန်း

ဥရောပသမဂ္ဂ (EU) က ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေကို နောက်ဆုံးတွင် အတည်ပြုပေးခဲ့ပြီး နာရီပိုင်းအကြာတွင် ဇလန်းစကီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုငွေကြေး ရရှိမှုသည် ၎င်း၏နိုင်ငံအတွက် “အသက်ရှင်သန်ရေးနှင့် ဆက်လက် ရပ်တည်ရေး” ဆိုင်ရာ ကိစ္စရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေမှာ လွန်ခဲ့သော လပေါင်းများစွာကတည်းက ကတိပြုထားခြင်း ဖြစ်သော် လည်း၊ ရာထူးမှ ထွက်ခွာတော့မည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ယူကရိန်းမှ တစ်ဆင့် ရုရှားရေနံများ ဥရောပသို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကာ ပိတ်ဆို့ထားသော ကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်အပတ်က ဟန်ဂေရီ ပါလီမန်ရွေးကောက်ပွဲ တွင် ၎င်းက အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် အတားအဆီးများ ဖယ်ရှားနိုင်ခဲ့ကာ၊ ဗုဒ္ဓဟူးနေ့တွင် Druzhba ပိုက်လိုင်း၏ ယူကရိန်းအပိုင်းမှတစ်ဆင့် ရေနံဖြတ်သန်းပို့ဆောင်မှု ပြန်လည်စတင်ခဲ့ပြီး EU သံတမန်များကလည်း ချေးငွေအတွက် မူလသဘောတူညီချက် ပေးခဲ့ကြသည်။

ရန်ပုံငွေမရှိဘဲ ယူကရိန်းအနေဖြင့် ၎င်းတို့ ထုတ်လုပ်နိုင်စွမ်းရှိသည့် လက်နက်ပမာဏကို ထုတ်လုပ်ရန် ရုန်းကန်နေရကြောင်း ဇလန်းစကီးက CNN သို့ ပြောသည်။

ဒရုန်းပစ်ချသည့် စနစ် (Drone interceptors) များကို ဥပမာပေးရာတွင် ယူကရိန်းသည် လက်ရှိတွင် တစ်ရက်လျှင် အစင်းရေ ၁,၀၀၀ ခန့် ထုတ်လုပ်နေသော်လည်း အမှန်တကယ် တွင် အစင်းရေ ၂,၀၀၀ ထုတ်လုပ်နိုင်သည့် စွမ်းအားရှိကြောင်း ၎င်းက ဆိုသည်။ “ဒါပေမဲ့ ကျွန်တော်တို့မှာ ရန်ပုံငွေ မရှိဘူး။ ဒါဟာ တကယ်ပဲ ကျွန်တော်တို့ရဲ့ အသက်ရှင်သန်ရေး၊ ရပ်တည်ရေးနဲ့ ကာကွယ်ရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီငွေကို ကျွန်တော်တို့ တကယ်လိုအပ်ပါတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက