ဗိုလ်အဆင့်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့
ဧပြီလ (၂၃)ရက်။
ဧပြီလ (၂၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ငဖဲမြို့ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-Asho ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ငဖဲမြို့ ရှောက်တောင်ရွာအနီး အကြမ်းဖက်စကမရဲ့ ကပစ(၁၄)ထဲက ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံနေရာတွေကို ဦးတည်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကော်မရှင်ရဲ့ ကပစ(၁၄)ရှိ ကာကွယ်ရေးပစ္စည်းသိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံ နေရာတွေကို ဦးတည် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးကာ ဗိုလ်အဆင့်ရှိ အရာရှိ(၁)ဦးနဲ့ အခြားအဆင့် (၂)ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို အချင်းချင်း လိုက်လံဖမ်းဆီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)နဲ့ လူ့ဘောင်သစ်တပ်မတော်(NSA)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။









