နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်

ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။

သို့သော် ဤဖြစ်ရပ်တွင်မူ ဖမ်းဆီးသူ လူသားစစ်သားတစ်ဦးမျှ မြင်ကွင်းတွင် မရှိပေ။ ယင်းအစား ထိုရုရှားစစ်သားနှစ်ဦးမှာ ရှေ့တန်းနှင့် မိုင်ပေါင်းများစွာဝေးသည့် ဘေးကင်းသောနေရာမှ ထိန်းချုပ်နေသည့် ယူကရိန်း၏ မြေပြင်စက်ရုပ်များနှင့် ဒရုန်းများထံတွင် ဒူးထောက်အရှုံးပေးနေခြင်း ဖြစ်သည်။

ဒါဟာ စစ်ပွဲတွေရဲ့ အနာဂတ်ဖြစ်ပြီး အခုလက်ရှိမှာ တကယ်ဖြစ်ပျက်နေတာပါ။

“သေနတ်တစ်ချက်မှ ပစ်စရာမလိုဘဲ အဲဒီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု ယင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့ခွဲမှူးမိုင်ကိုလာမာကာဇင်ကီဗစ်ချ (Mykola “Makar” Zinkevych) က CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်း တတိယသီးခြားတိုက်ခိုက်ရေးတပ်မဟာ (Third Separate Assault Brigade) ၏ “NC13” တပ်ဖွဲ့တွင် မြေပြင်အခြေစိုက် စက်ရုပ်တိုက်ခိုက်ရေးစနစ်များကို ကိုင်တွယ်ရသည့် ဇင်ကီဗစ်ချ(Zinkevych) က ပြောကြားရာတွင် – ပြီးခဲ့သည့်နွေရာသီက စစ်ဆင်ရေးသည် ခြေလျင် တပ်သားများ ပါဝင်ခြင်းမရှိဘဲ မြေပြင်စက်ရုပ်များနှင့် ဒရုန်းများသက်သက်ဖြင့် ရန်သူ့စခန်းကို သိမ်းပိုက်ကာ သုံ့ပန်းများ ဖမ်းဆီးနိုင်ခဲ့သည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ဖြစ်ရပ် ဖြစ်ကြောင်း ဆိုသည်။ ယင်းကို အတည်ပြုရန် ခက်ခဲသော်လည်း ကိဗ် (Kyiv) အနေဖြင့် ၎င်းတို့၏ နည်းပညာအပေါ် မည်မျှဂုဏ်ယူနေသည်ကို ထင်ဟပ်နေသည်။

ထိုအချိန်မှစ၍ လူသားစစ်သားများအစား စက်ရုပ်များကို အသုံးပြုသည့် မစ်ရှင်များသည် ထိုတပ်ဖွဲ့၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ဖြစ်လာခဲ့သည်။

ယူကရိန်းရှေ့တန်း၏ ကောင်းကင်ယံတွင် ဒရုန်းများ ပျံနှံ့နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ခြေလျင်တပ်သားများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် ယူကရိန်းသားများသည် ဘီး သို့မဟုတ် သံချပ်ကာပတ်လမ်းများဖြင့် သွားလာသည့် အဝေးထိန်း မြေပြင်ဒရုန်းများနှင့် စက်ရုပ်စနစ်များကို စတင်စမ်းသပ် လာခဲ့ကြသည်။ မူလက ဒဏ်ရာရသူများကို ကယ်ထုတ်ရန်နှင့် ရိက္ခာပို့ရန်အတွက်သာ အဓိကအသုံးပြုခဲ့သော်လည်း ယခုအခါ တိုက်ခိုက်ရေးတာဝန်များတွင်ပါ တိုးမြှင့် အသုံးပြုလာပြီ ဖြစ်သည်။

မြေပြင်ဒရုန်းများသည် စစ်သုံးယာဉ်ကြီးများထက်စာလျှင် ရန်သူက ရှာဖွေတွေ့ရှိရန်နှင့် ကြားဖြတ်တိုက်ခိုက်ရန် ပိုမိုခက်ခဲသည်။ ဝေဟင်ဒရုန်းများနှင့် နှိုင်းယှဉ်ပါကလည်း ရာသီဥတုမရွေး အသုံးပြုနိုင်ပြီး ပိုမိုလေးလံသော လက်နက်ခဲယမ်းများကို သယ်ဆောင် နိုင်သည်။

ထို့အပြင် ၎င်းတို့သည် ပိုမိုခံနိုင်ရည်ရှိပြီး ဘက်ထရီသက်တမ်းလည်း ပိုရှည်သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တတိယတပ်မတော်တပ်ရင်း (Third Army Corps) ၏ ထုတ်ပြန်ချက်အရ စက်သေနတ်တပ်ဆင်ထားသည့် မြေပြင်စက်ရုပ်တစ်စင်းသည် ရုရှားတို့၏ ထိုးစစ်ကို ၄၅ ရက်တိုင်တိုင် တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထိုကာလအတွင်း ၎င်းမှာ အသေးစားပြုပြင်ထိန်းသိမ်းမှုနှင့် နှစ်ရက်တစ်ကြိမ် ဘက်ထရီအားသွင်းရန်သာ လိုအပ်ခဲ့သည်။

“ကျွန်တော်တို့မှာ ရန်သူထက် လူအင်အား ပိုများလာမှာ မဟုတ်ဘူးဆိုတာကို နားလည် ထားရပါမယ်” ဟု ရုရှား၏ ကြီးမားသော စစ်အင်အားကို ရည်ညွှန်းကာဇင်ကီဗစ်ချ ( Zinkevych) က ပြောသည်။ “ဒါကြောင့် နည်းပညာအားဖြင့် အသာစီးရဖို့ လိုအပ်ပါတယ်။”

သူ၏ ပြောကြားချက်အရ လက်ရှိရည်မှန်းချက်မှာ ယခုနှစ်အတွင်း ခြေလျင်တပ်သားများ၏ သုံးပုံတစ်ပုံနေရာတွင် ဒရုန်းများနှင့် စက်ရုပ်များကို အစားထိုးရန် ဖြစ်သည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးက ပြီးခဲ့သည့် သုံးလအတွင်းမှာပင် ဒရုန်းနှင့် စက်ရုပ်များသည် စစ်ဆင်ရေးပေါင်း ၂၂,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “စစ်သည်တစ်ဦးအစား စက်ရုပ်တစ်စင်းက အန္တရာယ်အရှိဆုံး နေရာတွေကို သွားရောက် ခဲ့တဲ့အတွက် အသက်ပေါင်း ၂၂,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ယူကရိန်း စစ်ဘက်နည်းပညာလုပ်ငန်း အောင်မြင်မှုဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗြိတိန်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (RUSI) မှ မြေပြင်စစ်ဆင်ရေး ကျွမ်းကျင်သူ ရောဘတ်တောလပ်စ်(Robert Tollast) က ယူကရိန်း၏ တိုးတက်မှုများက “ဤစက်ရုပ်များသည် စစ်ပွဲ၏ အနာဂတ် ဟုတ်မဟုတ်ဆိုသည့် အငြင်းပွားမှုများကို ပိုမို ပြင်းထန် လာစေလိမ့်မည်” ဟု ဆိုသည်။

မြေပြင်ဒရုန်းများသည် နယ်မြေတစ်ခုကို အပိုင်ထိန်းထားရန် ခက်ခဲနိုင်ပြီး ၎င်းမှာ ခြေလျင်တပ်၏ အကူအညီမပါဘဲ တင့်ကားများကို အသုံးပြုခြင်းနှင့် ဆင်တူကြောင်း သူက ထောက်ပြသည်။ သို့သော် ၎င်းတို့သည် “ဒဏ်ရာရသူ ကယ်ထုတ်ခြင်း၊ အန္တရာယ်ရှိသော ရိက္ခာပို့ဆောင်ခြင်း၊ မိုင်းရှင်းလင်းခြင်းနှင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် စစ်သားများ၏ အသက်ကို ပုံမှန်ကယ်တင်ပေးနေပြီ” ဖြစ်သည်။

ဒရုန်းအသာစီးရမှု

စစ်ပွဲကာလ လေးနှစ်ကျော်သည် ယူကရိန်းကို စစ်မြေပြင်သုံး ဒရုန်းနှင့် စက်ရုပ်စနစ်များတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာစေရန် တွန်းအားပေးခဲ့သည်။ ယင်းနယ်ပယ်တွင် အသာစီးရရန် ကြိုးပမ်းမှုကို ပြီးခဲ့သည့် ဇန်နဝါရီလက မိုင်ခီလိုဖက်ဒရော့ဗ်(Mykhailo Fedorov) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းက ပိုမိုအားကောင်းစေခဲ့သည်။

ဖက်ဒရော့ဗ် သည် ယခင်က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဝန်ကြီးဖြစ်ပြီး ယူကရိန်း၏ အောင်မြင်သော ဒရုန်းစစ်ဆင်ရေးစီမံကိန်းကို ကြီးကြပ်ခဲ့သူဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီးနောက် သူသည် “ရုရှားကို ငြိမ်းချမ်းရေးရရှိအောင် အကျပ်ကိုင်မည့်” စစ်မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါ မဟာဗျူဟာသည် နည်းပညာနှင့် အချက်အလက် (data) အပေါ်တွင် အဓိက အခြေခံထားသည်။ အစိုးရ၏ ရည်မှန်းချက်မှာ ရှေ့တန်းတစ်လျှောက် ၁၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာအထိ နက်ရှိုင်းသော “Kill Zone” (သေကွင်းနယ်နမိတ်) တစ်ခု ဖန်တီးရန်ဖြစ်ပြီး ထိုနေရာတွင် ဒရုန်းများနှင့် စက်ရုပ်များသည် အဆက်မပြတ် လှုပ်ရှားနေမည် ဖြစ်သည်။

မြေပြင်စက်ရုပ်တပ်မှူးဇင်ကီဗစ်ချ က “စစ်မြေပြင်မှာ ဆုံးဖြတ်ချက်ပေးမယ့် အချက်က ဘယ်သူက နည်းပညာကို အရင်တီထွင်တာလဲ ဆိုတာထက် ဘယ်သူက အဲဒီနည်းပညာကို ရေရှည်မှာ ပမာဏအမြောက်အမြား (Scale up) ထုတ်လုပ်နိုင်မလဲဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နည်းပညာနှင့် ဒုံးကျည် လဲလှယ်ခြင်း

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးတွင် ရှေ့တန်းရောက်နေမှုမှာ ယခုအခါ ဥရောပပြင်ပတွင်ပါ အာရုံစိုက်ခြင်း ခံနေရသည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် ဒေါ်လာ ၅၀,၀၀၀ တန် ဒရုန်းတစ်စင်းကို ပစ်ချရန်အတွက် ဒေါ်လာ ၄ သန်းတန် ဒုံးကျည်များကို အသုံးပြုနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းသည် အကန့်အသတ်ရှိသော အရင်းအမြစ်များကြားမှ ဒရုန်းများကို တိုက်ဖျက်ရန် ဈေးသက်သာပြီး ပိုမိုထိရောက်သော နည်းလမ်းများကို တီထွင်ခဲ့ရသည်။ ယခုအခါ အခြားနိုင်ငံများကလည်း ယူကရိန်း၏ အတွေ့အကြုံများကို နားထောင်လာကြသည်။ သမ္မတ ဇီလန်းစကီးသည် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကာ ယူကရိန်း၏ ကျွမ်းကျင်မှု များကို မျှဝေပေးရန်နှင့် အပြန်အလှန်အားဖြင့် ၎င်းတို့ထံမှ လေကြောင်းကာကွယ်ရေး ဒုံးကျည်များကဲ့သို့သော အရင်းအမြစ်များ ရရှိရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယူကရိန်းအတွက် နောက်ထပ် အရေးကြီးသောအရာမှာ AI (Artificial Intelligence) ဖြစ်သည်။ ယူကရိန်းသည် စစ်မြေပြင်မှ တကယ့်အချက်အလက်များကို အသုံးပြု၍ လူမဲ့စနစ်များအတွက် AI မော်ဒယ်များကို လေ့ကျင့်ပေးလျက်ရှိသည်။ သို့သော် ဇင်ကီဗစ်ချ (Zinkevych) က “နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ လူသားကပဲ ချမှတ်ရပါမယ်။ AI ကို လက်နက်တွေ လွှဲအပ်ပေးလို့ ရမလား။ မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားနိုင်ဖို့ ဘယ်လိုစိတ်ချရမလဲ” ဟု သတိပေးပြောကြားခဲ့သည်။

ခြေလျင်တပ်သားဟောင်းတစ်ဦးဖြစ်ပြီး ယခု စက်ရုပ်များကို ကွပ်ကဲနေသည့် Zinkevych က “လူသားရဲ့ အသက်ဟာ အဖိုးဖြတ်လို့ မရပါဘူး။ စက်ရုပ်တွေကတော့ သွေးမထွက်ပါဘူး။ ဒါကြောင့် မြေပြင်စက်ရုပ်စနစ်တွေကို ပိုမိုမြန်ဆန်စွာနဲ့ အတိုင်းအတာ အမြောက်အမြား တိုးမြှင့်ထုတ်လုပ်ပြီး စစ်မြေပြင်မှာ ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခုအနေနဲ့ အကောင်အထည် ဖော်ရပါမယ်” ဟု နိဂုံးချုပ် ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် လေ့ကျင့်ရေးကွင်းတစ်ခု၌ မြေပြင်ဒရုန်းစမ်းသပ်မှုလုပ်ငန်းများကို ယူကရိန်းစစ်သားတစ်ဦး လေ့လာကြည့်ရှုနေစဉ်။ Dmytro Smolienko/Ukrinform/NurPhoto/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက