နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

CNN- ဆိုးလ်မြို့ – AP

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှ ထုတ်ပယ် လိုက် သည်။ ဤလုပ်ရပ်သည် အရေးကြီးသော နိုင်ငံရေးညီလာခံ မတိုင်မီ တာဝန်ရှိသူများအကြား စည်းကမ်းတင်းကျပ်ရန်နှင့် ပိုမိုကောင်းမွန်သော ရလဒ်များထွက်ပေါ်လာစေရန် ဖိအားပေး ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

လာမည့် အလုပ်သမားပါတီ ညီလာခံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး မြောက်ကိုရီးယား၏ အကြီးမားဆုံး ဝါဒဖြန့်ပွဲတစ်ခုလည်း ဖြစ်သည်။ ယင်းညီလာခံတွင် ပြီးခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဦးစားပေးအသစ်များ ချမှတ်ခြင်းနှင့် အရာရှိများကို အပြောင်းအလဲ လုပ်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

အရှေ့မြောက်ပိုင်းရှိ ရွိုင်ဆောင်း(Ryongsong) စက်မှုဇုန် အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် “ မလိုအပ်ဘဲ လူသားတို့ဖန်တီးသော ရှုပ်ထွေးမှုများ” ဖြစ်ပေါ်စေခဲ့မှုအတွက် စက်မှုကုန်ထုတ် လုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီးချုပ် ယန်ဆောင်ဟို (Yang Sung Ho) ကို ကင်ဂျုံအန်းက အပြစ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာန (KCNA) က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

အဆင့် (၁) အဆင့်မြှင့်တင်ရေးလုပ်ငန်း ပြီးစီးမှု မိန့်ခွန်းတွင် ကင်ဂျုံအန်းက တာဝန်မဲ့ပြီး အရည်အချင်းမရှိသော အရာရှိများကြောင့် စီမံကိန်းတွင် ” မနည်းလှသောစီးပွားရေးဆိုင်ရာ ဆုံးရှုံးမှု ” ကိုကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ယန်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ပါတီအစည်းအဝေးတွင်ပင် ပြစ်တင်ဝေဖန်ခဲ့ပြီး အနီးကပ်စောင့်ကြည့် ခဲ့သော် လည်း ယန်မှာ တာဝန်ယူလိုစိတ် အလျဉ်းမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း KCNA က ဆိုသည်။

“ ပိုလွယ်တဲ့ စကားလုံးနဲ့ တင်စားပြောရရင် သူဟာ နွားလှည်းကို ဆွဲဖို့ ကုန်းပတ်တပ်ထားတဲ့ ဆိတ်တစ်ကောင်လိုပါပဲ။ ဒါဟာ ငါတို့ရဲ့ ဝန်ထမ်းခန့်အပ်မှုမှာ ဖြစ်ခဲ့တဲ့ မှားယွင်းမှုတစ်ခုလို့ မြင်သင့်ပါတယ်။ ဆိတ်တစ်ကောင်က နွားဆွဲရမယ့် လှည်းကို ဆွဲနိုင်ပါ့မလား” ဟု ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

ထုတ်ပယ်ခြင်းသည် ကင်ဂျုံအန်း၏ ပုံစံပင်ဖြစ်သည် တာဝန်ရှိသူများကို လူသိရှင်ကြား ကြိမ်းမောင်ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းသည် ကင်ဂျုံအန်း၏ ထုံးစံအတိုင်း စီမံခန့်ခွဲမှုပုံစံ ဖြစ်သည်။ မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်သူ ဂတ်ဂီးလ်ဆပ် (Kwak Gil Sup) က ဤသို့လုပ်ဆောင်ခြင်းဖြင့် “ အဆင့်မြင့်အရာရှိများအကြား အစွန်းကုန် တင်းမာမှုများ ဖန်တီးကာ” ပါတီညီလာခံမတိုင်မီ ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

သို့သော် ဆိုးလ်အခြေစိုက် မဟာဗျူဟာသုတေသနဌာနမှ ပညာရှင် မွန်းဆောင်မွတ် (Moon Seong Mook) ကမူ စက်ရုံစီမံကိန်း ပြဿနာများသည် တစ်ဦးချင်း အရာရှိများ၏ အမှားထက် မြောက်ကိုရီးယား၏ အရင်းအမြစ်များကို လက်နက်စီမံကိန်းများတွင်သာ ပုံအောအသုံးပြုနေသည့် အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်ခြေ ပိုများကြောင်း သုံးသပ်သည်။

“ ကင်ဂျုံအန်းဟာ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေမှာ အားလုံးပုံအောထားပေမယ့် စီးပွားရေးကိုတော့ လွဲမှားစွာ စီမံခန့်ခွဲနေတာပါ။ သူက သူ့ရဲ့အမှားကို လက်အောက်ငယ်သား ဆီ အပြစ်ပုံချနေတာပဲ” ဟု မွန်းက ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း မြောက်ကိုရီးယားစီးပွားရေးမှာ ကြီးမားသော ထိုးနှက်ချက် များ နှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် စီးပွားရေး ၃.၇ % တိုးတက်ခဲ့ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်က ဆိုသော်လည်း အနောက်နိုင်ငံများကမူ မြောက်ကိုရီးယား၏ လက်နက်အပေါ် အလွန်အမင်း အာရုံစိုက်မှုနှင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် လျင်မြန်သော တိုးတက်မှုရရန် ခက်ခဲလိမ့်မည်ဟု ယူဆနေကြသည်။

ညီလာခံတွင် စီးပွားရေးနှင့် နျူကလီးယားအကြောင်း ဆွေးနွေးဖွယ်ရှိ

ပါတီညီလာခံကို ဇန်နဝါရီနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီလတွင် ကျင်းပဖွယ်ရှိသည်။ ယင်းညီလာခံတွင် ကင်ဂျုံအန်းသည် ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေကာ စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဖွယ်ရှိသည်။

ထို့ပြင် အမေရိကန်နှင့် ရပ်တန့်နေသော သံတမန်ရေးရာများကို ပြန်လည်စတင်ရန် အဆင့်များ လုပ်ဆောင်ခြင်း ရှိ၊ မရှိကိုလည်း ကျွမ်းကျင်သူများက စောင့်ကြည့်နေကြသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ ဧပြီလတွင် ပြုလုပ်မည့် တရုတ်နိုင်ငံ ခရီးစဉ်သည် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ချက် မြင့်တက် စေနိုင်သည်ဟု ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား