နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင် ဘေးချင်းယှဉ် စီထားလိုက်သည်။ သူ၏ မျက်မှောင်များ ကုတ်ထားသည်။ ရိုင်ဖယ်ကို ပြန်တပ်ဆင်ရန် ကြိုးစားနေစဉ် အစိတ်အပိုင်းတစ်ခုကို နေရာတကျ ပြန်တွန်းထည့်၍ မရဖြစ်နေသည်။

သူ၏ ရဲဘော်များ၊ တပ်မှူးများနှင့် CNN သတင်းအဖွဲ့က ကြည့်ရှုနေစဉ်အတွင်း ထို “ပက်ရှ်မာဂါ” (peshmerga) လူငယ်သည် လူအများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ “ပက်ရှ်မာဂါ” ဆိုသည်မှာ ကာ့ဒ်ဘာသာစကားဖြင့် “သေမင်းကို ရင်ဆိုင်သူများ” ဟု အဓိပ္ပာယ်ရသည်။

အားလုံးက တခိခိ ရယ်မောကြသည်။ သူ၏ နည်းပြက နောက်ထပ် ရိုင်ဖယ်တစ်လက်ကို ကမ်းပေးကာ အစအဆုံး ပြန်လုပ်ခိုင်းပြန်သည်။

“သူတို့က လူသစ်တွေမို့ပါ” ဟု ကာရင် ဖာခါပူရ် က တိုက်ခိုက်ရေးသမားများကို ရည်ညွှန်းပြီး ရှင်းပြသည်။

ဖာခါပူရ်သည် အီရန်-ကာ့ဒ် ဒီမိုကရက်တစ်ပါတီ (KDPI) ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ KDPI သည် အီရန်ရှိ ကာ့ဒ်သူပုန်အုပ်စုများထဲတွင် သက်တမ်းအရှည်ဆုံးနှင့် အကြီးဆုံးအဖွဲ့ ဖြစ်သည်။ အီရန်နယ်စပ်၏ အနောက်ဘက် ၁၃ မိုင် (၂၁ ကီလိုမီတာခန့်) အကွာ အီရတ် အရှေ့မြောက်ပိုင်းရှိ တောင်တန်းများပေါ်က သူတို့၏ စခန်းတွင် ကျွန်ုပ်တို့က သူ့ကို သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ်ကတည်းက KDPI သည် အီရန်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသော အီရန်-ကာ့ဒ်လူမျိုးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။ ပထမတွင် သူတို့သည် အီရန် ရှားဘုရင် (Shah) ကို တိုက်ခိုက်ခဲ့ကြပြီး၊ ၁၉၇၉ တော်လှန်ရေးအပြီးတွင် တီဟီရန်ရှိ ဘာသာရေးအစိုးရ (theocratic rulers) များကို ဆယ်စုနှစ်များစွာ ဆက်လက် တိုက်ပွဲ ဝင်ခဲ့ ကြသည်။

KDPI သည် အီရန်အစိုးရကို ဆန့်ကျင်နေသော အုပ်စုများစွာထဲမှ တစ်ခုသာ ဖြစ်သည်။ အီရန်အရှေ့ပိုင်းရှိ ဘလူချ် (Baluch) လူမျိုးစုများ၊ အနောက်ပိုင်းရှိ ကာ့ဒ်များနှင့် အနောက်တောင်ပိုင်းရှိ အာရပ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေး အတွက် ကာလရှည်ကြာ လှုပ်ရှားလာခဲ့ကြသည်။ ထို့အပြင် သန့်သန့်စင်စင် အယူဝါဒပိုင်း ဆိုင်ရာအရ အစ္စလာမ်မစ်သမ္မတနိုင်ငံကို ဆန့်ကျင်သည့် အခြားအုပ်စုများလည်း ရှိသေးသည်။ ထိုအုပ်စု အများအပြားကို နိုင်ငံခြားတိုင်းပြည်များက ရုပ်ဝတ္ထုပစ္စည်းအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ပံ့ပိုးပေးနေကြသည်။

အချို့သော ကာ့ဒ်များအတွက်မူ ပြီးခဲ့သည့်လနှောင်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြပွဲလှိုင်းလုံး များကြောင့် ၄၇ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ အဆုံးသတ်ကို မြင်တွေ့ရတော့မည်ဟု မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

“အစိုးရဟာ နေ့စဉ်နဲ့အမျှ အားနည်းလာနေပါတယ်” ဟု KDPI ခေါင်းဆောင် မူစတာဖာ ဟီဂျရီ က ပြောသည်။ “သူတို့ အားနည်းလာတာဟာ ကျွန်တော်တို့နဲ့ တခြားလွတ်လပ်မှုကို မြတ်နိုးတဲ့ ပါတီတွေအတွက် အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး အင်အား တောင့်တင်းအောင် လုပ်ဖို့ အခွင့်အလမ်းတွေ ရစေပါတယ်”

ဟီဂျရီ၏ အဆိုအရ သူ၏ပါတီသည် အီရန်နိုင်ငံအတွင်း၌ အခြားအဖွဲ့များထက် အမာခံ အင်အား ပိုမိုများပြားပြီး၊ အထူးသဖြင့် အနောက်ပိုင်းပြည်နယ်များတွင် ဖြစ်ပွားခဲ့သော မကြာသေးမီက ဆန္ဒပြပွဲများကို ပံ့ပိုးပေးရာတွင် အဓိကကျသူဖြစ်သည်ဟု ဆိုသည်။

အသက် ၁၉ နှစ်အရွယ် ဖာရီနာသည် KDPI ၏ တပ်သားသစ်တစ်ဦး ဖြစ်သည်။ သူမ၏ ဘယ်ဘက်ပုခုံးတွင် မှန်ပြောင်းအသစ် တပ်ဆင်ထားသည့် ဆိုဗီယက်ခေတ်ထုတ် Dragunov စနိုက်ပါရိုင်ဖယ်တစ်လက်ကို လွယ်ထားသည်။

အနာဂတ်မရှိသည့် ဘဝကို စိတ်ကုန်သောကြောင့် အီရန်မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သူမက ဆိုသည်။

“ခင်ဗျား ပညာသင်ခဲ့ရင်တောင် အစိုးရထောက်ခံသူ မဟုတ်ရင် ဘာမှ ဖြစ်မလာနိုင်ဘူး” ဟု သူမက ပြောသည်။ “ကျွန်မတို့မှာ အခွင့်အရေး မရှိဘူး၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ ဒါကြောင့်လည်း ကျွန်မ ပက်ရှ်မာဂါ ဖြစ်လာတာပါ – ကာ့ဒ်တစ်ယောက်အနေနဲ့ရော အမျိုးသမီးတစ်ယောက်အနေနဲ့ပါ ကျွန်မရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ပါပဲ”

သူမ၏ တပ်ဖွဲ့ကို အမျိုးသား၊ အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် တူရကီ၊ ဆီးရီးယား၊ အီရတ်နှင့် အီရန်တို့ရှိ ကာ့ဒ်အုပ်စုများ၏ ထူးခြားချက်ဖြစ်ပြီး အမျိုးသမီးများ အတွက် တန်းတူအခွင့်အရေး ရရှိရေးကို သူတို့၏ အခြေခံအယူဝါဒတစ်ခုအဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။

“ကာ့ဒ်တွေမှာ တောင်တန်းတွေကလွဲရင် တခြားမိတ်ဆွေ မရှိဘူး” ဆိုသည့် ရိုးအီနေသော စကားပုံတစ်ခု ရှိသည်။ သတင်းထောက်တစ်ယောက်အနေဖြင့် ထိုစကားကို သုံးရန် ကျွန်ုပ် အမြဲတမ်း ဝန့်မလေးတတ်ပါ။ သို့သော်လည်း နှင်းဖုံးနေသည့် မြင့်မားသော တောင်ထိပ် များကြား၊ မည်းမှောင်နေသည့် တိမ်တိုက်များ အုပ်ဆိုင်းကာ နှင်းပွင့်များ စတင်ကျဆင်း နေသည့် ဤနေရာတွင်မူ တောင်တန်းများက ပေးစွမ်းသည့် အထီးကျန်ဆန်မှုနှင့် ဝေးလံ ခေါင်းပါးမှု၌ စိတ်ချရမှု အတိုင်းအတာတစ်ခုကို ခံစားရသည်။

သို့သော် လျင်မြန်စွာ ပြောင်းလဲနေသော စစ်ရေးနည်းပညာများရှိသည့် ယခုကဲ့သို့ အဆိုးလောက (dystopian world) မျိုးတွင် ထိုခံစားချက်မှာ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။

“အီရန်က ကျွန်တော်တို့ အပေါ်မှာ ဒရုန်းတွေ လွှတ်နေတာ” ဟု ပက်ရှ်မာဂါများက သူတို့စခန်းအထက်က တောင်ပေါ်သို့ ရွှံ့နွံများကြားမှ ချီတက်နေသည်ကို ကြည့်ရင်း ဖာခါပူရ်က ကျွန်ုပ်ကို ပြောသည်။ “ကျွန်တော်တို့ ဒီမှာ ရှိနေတာကို သူတို့ သိတယ်”

မကြာသေးမီ နှစ်များအတွင်း အီရန်သည် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန် အခြေစိုက် စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရကာ ထောင့်ပိတ်မိနေသည့် အီရန်အစိုးရသည် ထိုသို့ ထပ်မံလုပ်ဆောင်လာနိုင်ခြေ ရှိသည်။

မျိုးဆက်နှင့်ချီသော အီရန်-ကာ့ဒ် လူငယ်များသည် မိမိတို့၏ မိခင်နိုင်ငံကို ပြောင်းလဲပစ်ရန် မျှော်လင့်ချက်ဖြင့် ဤတောင်တန်းများကို ဖြတ်ကျော်ကာ KDPI ကဲ့သို့သော အုပ်စုများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ဤနေရာတွင် ဆောင်းရာသီ၌ အလွန်အမင်း အေးစက်ပြီး အခြေအနေ များမှာ ကြမ်းတမ်းလှသည်။

ဖာရီနာအတွက်မူ ဤစွန့်စားလုပ်ဆောင်နေမှုသည် ထိုက်တန်ပါသည်။

“ကျွန်မတို့ ဘဝတွေကို ဒီလမ်းပေါ်မှာ ပုံပေးထားတာပါ” ဟု သူမက ဆိုသည်။ “စွန့်လွှတ် အနစ်နာခံရမယ်ဆိုတာကိုလည်း ကျွန်မတို့ မျှော်လင့်ထားပြီးသားပါ”

ဇန်နဝါရီ ၁၅ ရက်တွင် အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသ၊ အာဘီလ်အနီးရှိ ကင်းစခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် ပါဝင်နေသော အီရန် ကာဒစ္စတန် ဒီမိုကရက်တစ်ပါတီ (KDPI) အဖွဲ့ဝင်များ (Osama Al Maqdoni/Middle East Images/AFP/Getty Images)(ပုံ)

ဇန်နဝါရီ ၁၈ ရက်တွင် အီရတ်ရှိ ကာ့ဒ်ဒီမိုကရက်တစ်ပါတီ-အီရန်မှ ဖွင့်လှစ်သော စခန်းတစ်ခုတွင် တိုက်ခိုက်ရေးသမားသစ်များ လေ့ကျင့်နေကြစဉ်။(ပုံ)

၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အချုပ်အခြာအာဏာရရှိရန် ကြိုးပမ်းမှုအနေဖြင့် အီရန်၊ အီရတ်နှင့် တူရကီတို့ကို ကာ့ဒ်သူပုန်များက ကြီးမားသော စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ Michel Setboun/Corbis/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက