နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်

မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့တရားရုံး သတင်းနှင့် ဆက်သွယ်ရေးအေဂျင်စီက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် မာဖီးယားပုံစံ ကျူးကျော်လိမ်လည်မှု (Scam) စင်တာများကို လုပ်ကိုင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးစားသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မြီ (Ming) မိသားစု ရာဇဝတ်ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

မြီမိသားစုသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ “ မိသားစုကြီး လေးစု” ဟု ခေါ်ဝေါ်ကြသည့် အုပ်စုများထဲမှ တစ်စုဖြစ်ပြီး အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် အင်တာနက် လိမ်လည်မှု၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဝင်းပေါင်း ရာနှင့်ချီကို လုပ်ကိုင် နေသည်ဟု စွပ်စွဲခံထားရသူများ ဖြစ်သည်။ ၎င်းတို့အဖွဲ့ဝင်များသည် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းထားသော ဒေသခံ အုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့များတွင် အရေးပါသော ရာထူး နေရာများကို ရယူထားခဲ့ကြသည်။

ကွပ်မျက်ခံရသူ ၁၁ ဦးသည် လူသတ်မှု၊ တရားမဝင် ထိန်းသိမ်းမှုနှင့် လိမ်လည်မှုတို့ အပါအဝင် ရာဇဝတ်မှုများဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တရားခံနှစ်ဦးက အယူခံဝင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သော ပြည်သူ့အမြင့်ဆုံးတရားရုံးက မူလစီရင်ချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြီရှောက်ချန်း (Ming Xuechang) ဦးဆောင်သော အဆိုပါ ရာဇဝတ်မိသားစုသည် မြန်မာ-တရုတ် နယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချောင်းနေသော ကျား” ဂေဟာ (Crouching Tiger Villa) ဟု ခေါ်သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဝင်းကြီးနှင့် ကာလရှည်ကြာ ဆက်နွှယ်မှုရှိခဲ့သည်။ အဆိုပါ အုပ်စုတွင် အထူးအားကောင်းချိန်က လိမ်လည်မှုနှင့် အခြားရာဇဝတ်မှုများကို လုပ်ဆောင်ရန် လူဦးရေ ၁၀,၀၀၀ ခန့်အထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြသည်။

ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်သည် မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးမှုမရှိသော ဒေသများ တွင် အခြေစိုက်သည့် ဒေါ်လာဘီလီယံချီသော လိမ်လည်မှု လုပ်ငန်းများ၏ ဗဟိုချက်ဖြစ်ခဲ့ပြီး၊ လူကုန်ကူးခံရသည့် အလုပ်သမားများကို အသုံးချကာ ဆန်းသစ်သော အွန်လိုင်းစနစ်များဖြင့် သူစိမ်းများကို လိမ်လည်ခဲ့ကြခြင်း ဖြစ်သည်။

လူကုန်ကူးခံရသည့် အလုပ်သမားများ၏ ဆွေမျိုးသားချင်းများက နှစ်ရှည်လများ တိုင်ကြားမှုများနှင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှု မြင့်တက်လာပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပေကျင်းက အဆိုပါ ရာဇဝတ်ဝင်းများကို နှိမ်နင်းခဲ့သည်။

ထိုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် မြီမိသားစုဝင်များကို လိမ်လည်မှု၊ လူသတ်မှုနှင့် လူကုန်ကူးမှုတို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန်အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ မှ ၇၀,၀၀၀ အထိ ထုတ်ပြန်ခဲ့သည်။ မိသားစုခေါင်းဆောင် မြီရှောက်ချန်းသည် မြန်မာနိုင်ငံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူဖြစ်ပြီး ထိန်းသိမ်းခံထားရစဉ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီနှင့် ပူးပေါင်းထားသော ကိုးကန့်နယ်ခြားစောင့်တပ်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ၎င်း၏သားဖြစ်သူ မြီကော်ဖျင် (Ming Guoping) နှင့် မြေးမဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) တို့သည် ကွပ်မျက်ခံရသူများထဲတွင် ပါဝင်ကြောင်း ဆင်ဟွာက ကြာသပတေးနေ့တွင် ဖော်ပြသည်။ ၎င်းတို့ကို မကွပ်မျက်မီ နီးစပ်ရာ ဆွေမျိုးများနှင့် တွေ့ဆုံခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။

မြီမိသားစု ဂိုဏ်းစုသည် အခြားဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဝူဟုန်းမင်း (Wu Hongming) နှင့် ပူးပေါင်းကာ လိမ်လည်မှုလုပ်ငန်းမှ အလုပ်သမားများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစေခြင်းနှင့် တရားမဝင် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သဖြင့် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာက ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းတော့မည်ဖြစ်ကြောင်း သတင်းကြိုရသဖြင့် အလုပ်သမားများကို လက်နက်ကိုင် အစောင့်အရှောက်များဖြင့် ပြောင်းရွှေ့နေစဉ် အဆိုပါ အဖွဲ့က လူအုပ်အတွင်း သို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ကြောင်း CCTV က ဖော်ပြခဲ့သည်။

အမေရိကန်ကွန်ဂရက်မှ တည်ထောင်ထားသော အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အဆိုအရ အရှေ့တောင်အာရှရှိ လိမ်လည်မှုဂိုဏ်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၄၃ ဘီလီယံကျော် ခိုးယူနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လိမ်လည်မှုဝင်းများကို နိုင်ငံ၏ နယ်စပ်ဒေသများ၌ ကာလရှည်ကြာ ပျံ့နှံ့နေသော အဂတိလိုက်စားမှုနှင့် ဥပဒေမဲ့မှုများက အကာအကွယ် ပေးထားခဲ့သည်။ ရာဇဝတ်ဂိုဏ်းများနှင့် ၎င်းတို့ကို လက်ခံထားသော လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ စီးပွားရေးကို ချဲ့ထွင်ရန်အတွက် ၅ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ဒဏ်ကို အသုံးချနေကြခြင်းလည်း ဖြစ်သည်။

ကြာသပတေးနေ့က ကွပ်မျက်မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းအနေဖြင့် “ လောင်းကစားနှင့် လိမ်လည်မှု ဘေးဆိုးများကို အမြစ်ပြတ်ချေမှုန်းရန်” ကြိုးပမ်းမှုများကို ဆက်လက် အားဖြည့် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)