ဧပြီလ (၂၈)ရက်။
(၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ (၂)ကြိမ်ကို မဟာမိတ်တွေနဲ့အတူ တိုက်ခိုက်အောင်မြင်ခဲ့တယ်လို ဆိုပါတယ်။
ပြီးခဲ့နှစ်ကလဲ နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေနဲ့ စစ်ကိုင်းစစ်ဒေသ တိုက်ပွဲတွေကနေ ဖမ်းဆီးရမိတဲ့ သုံပန်း (၂၀)ဦးရှိခဲ့ပြီး အလင်းဝင် CDM ပြုလုပ်သူ (၃၀)ဦး ရှိခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး (၅)နှစ်တာထဲ တိုက်ပွဲတွေကနေ ဖမ်းဆီးရမိတဲ့ သုံပန်းအရေအတွက် စုစုပေါင်း(၅၀)ဦးနဲ့ အလင်းဝင် CDM ပြုလုပ်သူ(၃၅)ဦးရှိခဲ့သလို SAF ရဲဘော် (၁၇)ဦး ကျဆုံးခဲ့တယ်လို ရေးသားထားပါတယ်။
အခုအခါ SAF အနေနဲ့ မြေလတ်ဒေသမှာ အခံနယ်မြေတည်ဆောက်နိုင်ဖို ဦးတည်ပြီး ထုအင်အားနဲ့ ခြေကုပ်ယူကာ ကပစတွေ ခြိမ်းခြောက်နိုင်ဖို ထိုးဖောက်ဝင်ရောက်နေတယ်လို ပြောဆိုထားပါတယ်။
ဒါ့အပြင် ပုသိမ်-မုံရွာလမ်းစိုးမိုးနိုင်ဖိုအတွက် စစ်ဆင်ရေးဖော်ဆောင်တာတွေ၊ နတ်ရေကန်ဗျူဟာကို မစခ(၉၀၅)၊ ကပစ(၂)၊ (၁၀)၊ (၁၃)က ထွက်လာတဲ့ စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လိုလဲ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့သည့် တနှစ်တာထဲ အဲ့ဒီစစ်ပြေပြင်မှာ တိုက်ပွဲ (၁၁)ကြိမ်ခန့်နဲ့ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။








