ဧပြီလ (၂၈)ရက်။
မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU ရဲ့ ထုတိပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ဟာ မယ်ဝါး(သဲဖြူ)ကျေးရွာအုပ်စုထဲကို (၂)ကြိမ်နဲ့ မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေထဲကို (၄)ကြိမ်နဲ့ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တာလို ဆိုပါတယ်။
အဲ့ဒီလို ဗုံးကြဲပြီးနောက် အော်လီဂန်းတွေနဲ့ ပစ်ခတ်ခဲ့ကာ ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အလုပ်သမားတန်းလျားအချို ထိခိုက်ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ဇနီးမောင်နံ (၂)ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို ဖော်ပြထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြိုနေပြည်သူလူထုများစွာ ထိတ်လန့်ကြောက်ရွံပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲစည်းနိုင်ဖို ကြိုးပမ်းနေပေမယ့် မြေပြင်မှာတော့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ကျူးလွန်နေတယ်လို KNU က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အာဆီယံအဖွဲဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသတာထက် ပိုမိုလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်တာကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို တောင်းဆိုထားပါတယ်။
ဒါ့အပြင် အခု ဆက်လက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ရပ်တန့်စေဖို ထိရောက်တဲ့ တာဆီးကာကွယ်တာတွေကို လုပ်ဆောင်ဖိုကိုလဲ ထည့်သွင်းတိုက်တွန်းထားပါတယ်။
ဒီလို ထင်ရှာတဲ့ ဥပဒချိုးဖောက်တာတွေကို မတားဆီးဘဲ ဆက်လက်ပြီး နှုတ်ဆက်နေတာဟာ အကြမ်းဖက်တာတွေ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေဖိုအတွက် အားပေးကူညီရာရောက်မှာဖြစ်တယ်လို အသိပေးထားချက်အရ သိရပါတယ်။









