နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။


မေလ (၁၆) ရက်နေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၉) ကြိမ်မြောက် အွန်လိုင်းအစိုးရအဖွဲ့ အစည်းဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) တည်ထောင်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေး ဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေး ထီးရိပ် ဖြစ်ဖို့လည်း အထူးလိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ နွေဦးတော်လှန်ရေးဟာ Generation – Z လို့ ခေါ်တဲ့ လူငယ်မျိုးဆက်တွေရဲ့ ဘဝ ဖြတ်သန်းမှုထဲ အတူယှဉ်တွဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ယခင်နဲ့ မတူတဲ့ တော်လှန်ရေး နည်းနာတွေ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အဲသည်လို သမားရိုးကျ မဟုတ်တဲ့ တော်လှန်ရေး နည်းနာတွေနဲ့အတူ၊ နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးသက်လုံကို ပါဝင်ဖြည့်ဆည်းကြမယ့် အုတ်မြစ်တွေလည်း အထူး လိုအပ်နေပါတယ်။

တော်လှန်ရေးသက်လုံကို ပါဝင်အားဖြည့် ထောက်ကူမယ့် အုတ်မြစ်တွေထဲမှာ ဒီနေ့ ဆွေးနွေးကြမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေးကိစ္စလည်း အထူးပြု ပါဝင်နေလိမ့်မယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်လည်း လိုသလို၊ ဘဏ္ဍာငွေ အင်အားလည်း လိုနေတာ အားလုံးအသိ ဖြစ်ပါတယ်။ လက်တွေ့ အောင်မြင်မှု ရလဒ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘဏ္ဍာရေးကိစ္စကို အထူးတလည် စဉ်းစားကြရပါလိမ့်မယ်။” လို့ ယာယီသမ္မတ ပြောကြားပါတယ်။


ဆက်လက်ပြီးတော့လည်း “နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခု ဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ state assets တန်ပြန် လွှမ်းမိုးမယ့် မဟာဗျူဟာ စဉ်းစားချက်တွေ ပါသင့်တယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်ခွင့်တွေဟာ ကန့်သတ် ရိုက်ချိုးခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ မတည်ငြိမ်ရင် ၊ ပဋိပက္ခတွေ ဖြစ်ရင် လူထုဟာ အရင်ဆုံး ဆုံးရှုံး အနစ်နာခံကြရသူတွေဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေဟာ လူထုရဲ့ ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးအတွက် ကောင်းကျိုးဖြစ်သလို ၊ ပြည်သူ့အတွက်လည်း အကျိုးဖြစ်ထွန်းတဲ့ ဘက်မျှသော စနစ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ၂၀၂၃ နှစ်သစ်မှာ နိုင်ငံရေးအရ အားပေးစကားတွေ၊ စည်းရုံးရေး စကားတွေ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်အားတက်ကြွအောင် ခွန်အားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို ပြန်လည် အမှတ်ရပြီး ယခု ဒီနှစ်ကုန်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့ ဇွဲလုံ့လ ဝီရိယအားစိုက် ထုတ်ကြပါလို့ ထပ်လောင်း နှိုးဆော်ချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားကာ အွန်လိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Era’sEyes | Photo – NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 28 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့က လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် အရပ်သားအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဓနုပြည်သူတွေ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ DPLF/DPLA တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 39 Views
နိုဝင်ဘာလ (၂၇)ရက်။ ဓနုပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ ဒီကနေ့မှာကျရောက်တဲ့ ဓနုအမျိုးသားနေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ လွတ်ငြိမ်းမိန့်နဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လွတ်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 32 Views
နိုဝင်ဘာလ (၂၇)ရက်။ ဒီကနေ့ အင်းစိန်ထောင်ကနေ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ အသက်(၉၀)အထိ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ အတူတူအလုပ်လုပ်ဖို့ အားတင်းထားတယ်။ ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့တယ်” လို့ သူက အင်းစိန်ထောင်ရှေ့မှာ သတင်းမီဒီယာတွေကို
မြန်မာသတင်း

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 40 Views
နိုဝင်ဘာလ (၂၆)ရက်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံရသူတွေ၊ ကြားနာဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်တပ်က မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
မြန်မာသတင်း

ရန်ကုန် အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ် ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 32 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရန်ကုန်ရှိ အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ အဲ့ဒီကောင်လေးက အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်နားမှာ တကိုယ်တော်ဆန္ဒပြတာ။ အဲ့ဒါကို
မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 44 Views
ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို နိုဝင်ဘာလ (၂၆)ရက်။ အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက် ဖလူးဒေသတိုက်ပွဲထဲ DKBA ရဲ့ ဗိုလ်မှူးကြီး နိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဘက်ကနေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေလို့ NUG ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 57 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG က အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်သူတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင်
မြန်မာသတင်း

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က အင်္ဂါနေ့တွင် ဥရောပ ဦးဆောင်သော ကိယက်ဗ် (Kyiv) အတွက် လုံခြုံရေး အာမခံချက်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 35 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက်