မြန်မာနိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများကို အမေရိကန်ဒေါ်လာ ၂ သိန်း အမေရိကန်က ကူညီမည်ဖြစ်ပြီး မြေပြင်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု အမြောက်အများရှိပြီး မြန်မာပြည်သူများနဲ့အတူ အမေရိကန်က ပူဆွေးသောကရောက်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန် ဆောင်ရွက်နေပြီး လတ်တလော ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန်ကနဦးအနေနဲ့ အမေရိကန်ဒေါ်လာ နှစ်သိန်းကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီထောက်ပံ့မှုဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အပူတပြင်း လိုအပ်နေတဲ့ နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပစ္စည်းများအတွက် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Era’sEyes /Photo -CRD