မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်- စစ်တွေ လေကြောင်းခရီးစဉ်များ ပြေးဆွဲမှုများကို ၅ ရက်ကြာပိတ်ထားခဲ့ရာမှ မေ ၁၈ရက်နေ့မှစပြီး လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကစပြီး မိုခါဆိုင်ကလုန်းမုန်တိုင်း မတိုင်ခင် တစ်ရက်အလို ရခိုင်ပြည်အတွင်း လေကြောင်းခရီးစဉ် အားလုံး ပြေးဆွဲမှုကို ရပ်နားလိုက်တာဖြစ်ပြီးမေ ၁၈ ရက်မှာ ပြန်လည် ပြေးဆွဲနေတာဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်က စစ်တွေ၊ သံတွဲလေဆိပ်တို့မှ အဆောက်အုံတစ်ချို့နှင့် နားနေဆောင်များ ပျက်စီးခဲ့ရပြီး ပြင်လည်ပြုပြင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ အင်အားပြင်း မိုခါဆိုင်ကလုန်းသည် ရခိုင်ပြည်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်။ မောင်တော၊ အမ်း၊ ဂွနှင့် မာန်အာင်မြို့နယ်တို့မှာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။
မုန်တိုင်းကြောင့်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့မှာ နေအိမ်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေး အဆောင်အအုံးများ ၉၀ ရာခိုင်းနှုန်း ပျက်စီးခဲ့ရပြီး လက်တစ်လော စာရင်းအရ လူ ၄၅၀ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
Era’sEyes|Photo