မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့၊ မွန်တော်လှန် ရေးတပ်နှင့် ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းတို့မှ စနိုက်ဘာရဲဘော်(၃၀)ကို အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာသင်ကြပို့ချပြီး ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားပါတယ်။
အဆိုပါ စနိုက်ဘာ(လက်ဖြောင့်)ရဲဘော်(၃၀)ကို NUG၊ ကာကွယ်ရေးဝန် ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ကတာဝန်ယူပြီး KNU တပ်မဟာ(၆) နယ်မြေ အတွင်း မှာ အထူးလက်ဖြောင့်မွန်းမံသင်တန်း ကို တစ်လကြာ ပို့ချခဲ့တာဖြစ်ပြီး မေ ၁၉ ရက်နေ့ က သင်တန်းဆင်းခဲ့ကြတာပါ။
စနိုက်ဘာရဲဘော်များ၏ ပူးပေါင်းစစ်ဆင်ရေးတာဝန်များကို KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ၊တပ်မဟာ(၄) ၏ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ လိုအပ်လျှင်လိုအပ်သလို စနိုက်ဘာရဲဘော်များကို အားပြုပြီး စစ်ဆင်ရေးများပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊တပ်မဟာ(၄) နယ်မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။
Era’sEyes/(ရဲဘော်များကို အထူးလက်ဖြောင့်မွန်းမံသင်တန်းပေးနေစဥ်။ဓါတ်ပုံ-SOF)