နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းသမ္မတဇလန်းစကီး ပြင်သစ်အစိုးရလေယာဉ် သုံးပြီး ဘာကြောင့် ဂျပန်ကို လာနိုင်တာလဲ။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် မေလ (၁၄) ရက်နေ့တွင် ပါရီသို့ သွားရောက်စဉ် ဟီရိုရှီးမားတွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်အား လေယာဉ်တစ်စီး စီစဉ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြင်သစ်သံတမန်သတင်းရင်းမြစ်များက ပြောသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ပြင်သစ်အစိုးရလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ဂျဒ်ဒါမြို့မှ ဟီရိုရှီးမားမြို့သို့ မေလ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြင်သစ်သံတမန်သတင်းရင်းမြစ်များ၏အဆိုအရ၊ ယူကရိန်းသမ္မတ ဇလန်းစကီး၏ အီတလီနှင့် ဂျာမနီတို့ ခရီးစဉ်အပြီး G7 ထိပ်သီးအစည်းအဝေးမတိုင်မီ သမ္မတဇလန်းစကီးသည် ပါရီသို့ မေလ (၁၄) ရက်နေ့တွင် သွားရောက်ခဲ့ပြီး ပြင်ဆင်မှုများ စတင်ခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးနှင့် ပြင်သစ်သမ္မတမက်ခရွန်တို့သည် ထိုနေ့တွင် ပြင်သစ်သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး ညစာစားခဲ့ကြသည်။ ယင်းအချိန်တွင် သမ္မတဇလန်းစကီးက “ ကျွန်တော် G-7 ကို တက်ရောက်ချင်ပါတယ်” ဟု ပြောပြီး လေယာဉ်တစ်စီး စီစဉ်ပေးဖို့ ပြင်သစ်သမ္မတမက်ခရွန်ကို တိုက်ရိုက်တောင်းဆိုခဲ့သည်ဟု သိရှိရသည်။။

G-7 ထိပ်သီးစည်းဝေးပွဲမတိုင်မီ ဥရောပနိုင်ငံများသို့ ခရီးစဉ်အတွင်း သမ္မတဇလန်းစကီးက ဥရောပသို့ စစ်ရေးအကူအညီ ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ကွယ်တွင် ဂျပန်ခရီးစဉ်အတွက် အစီအစဉ်များ စတင်နေပြီ ဖြစ်သည်။ ပြင်သစ်အစိုးရ လေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ သမ္မတဇလန်းစကီး ရောက်ရှိလာခြင်းသည် “ သမ္မတနှစ်ဦးကြား ဆက်လက်တည်ရှိနေသည့် ဆက်ဆံရေးအပေါ် ယုံကြည်မှုကို သက်သေပြခြင်း” ဖြစ်သည်ဟု သံတမန်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ လွန်ခဲ့သည့်နှစ် မေလတွင် ပြင်သစ်သမ္မတမက်ခရွန်သည် ရုရှားနှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုနှင့်ပတ်သက်၍ “နှစ်နိုင်ငံစလုံးအား စော်ကားခြင်း မပြုသင့်” ဟု ပြောဆိုခဲ့မှုနှင့်ပတ်သက်ပြီး ပြင်သစ်သမ္မတကို ယူကရိန်းဘက်မှ ဝေဖန်ခဲ့သည်။ သို့သော်လည်း ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နှင့် ဂျာမနီတို့ထက် စောပြီး အပေါ့စားတင့်ကား “ AMX-10RC” ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဂျာမနီနှင့် အခြားနိုင်ငံများသည် Leopard 2 ကဲ့သို့သော ၎င်းတို့၏ အဓိက တိုက်ပွဲဝင်တင့်ကားများ ပံ့ပိုးပေးမည့် လမ်းကြောင်းကို ပြင်သစ်သမ္မတက ဖန်တီးပေးကာ ယူကရိန်းနှင့် နီးကပ်စွာ ရပ်တည်ခဲ့သည်။
Source: Asahi shinbum

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 27 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 20 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း”
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 17 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider Web) လို့ အမည်ရတဲ့ အဲဒီစစ်ဆင်ရေးဟာ ယူကရိန်းနယ်စပ်နဲ့ မိုင်ထောင်ချီကွာဝေးပြီး မတူညီတဲ့စံတော်ချိန် ၃ခုမှာရှိတဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက် အမေရိကန်သို့ ပြောင်းရွှေ့ရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Davis
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 28 Views
မေလ (၂၈) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။ ရုရှားနိုင်ငံတွင်းရှိဝေးကွာသော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 30 Views
မေလ (၂၉) ရက်။ အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း

‘မနက်ဖြန်မဟုတ်ဘဲ မနေ့ကဘဲ အစ္စရေးကို ထွက်သွားစေချင်တယ်’ လက်ဘနွန် ခေါင်းဆောင်က အစ္စရေးတပ်တွေကို ရုပ်သိမ်းဖို့ ဖိအားပေးဖို့ အမေရိကန်ကို တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 31 Views
မေလ (၂၈) ရက်။ လက်ဘနွန်တောင်ပိုင်း၏ အစိတ်အပိုင်းနေရာများတွင် အစ္စရေးစစ်တပ်က သိမ်းပိုက် ထားမှုသည် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခမှ ရုန်းထွက်နေသည့် နိုင်ငံအတွက် အချုပ်အခြာ အာဏာ ပြန်လည်ရယူရန် ဘေရွတ်၏ ကြိုးပမ်းမှုကို ထိခိုက်စေကြောင်း ဝန်ကြီးချုပ်က CNN
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 30 Views
“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။ ဂျာမနီသည်