နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာ့အရေးအတွက် G7 တွင် သေချာသည့်နည်းလမ်းများဖြင့် ထိရောက်စွာဆောင်ရွက်ပေးရန် မြန်မာလူမျိုးများနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဂျပန်လူမျိုးများ ဆန္ဒထုတ်ဖော်တောင်းဆို

မေလ (၂၂) ရက်နေ့က တိုကျိုတွင် G7 အစည်းအဝေးတွင် မြန်မာနဲ့ပတ်သက်တဲ့ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ချီတက်လမ်းလျှောက်ပွဲမှာ မြန်မာလူမျိုးများနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား (၁၁၀) ခန့် ပါဝင်တောင်းဆိုပေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုကျိုမြို့ ဟီဘီရာပန်းခြံကနေ ကာအေဒေဂါဝါဒါန်းဂျိုးဘာရှိပန်းခြံအထိ မိနစ် (၄၀) ခန့် လမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။

ဒီချီတက်ဆန္ဒပြပွဲမှာ G7 ကို မြန်မာ့အရေးနဲ့ပတ်သက်ပီး ထည့်သွင်းဆွေးနွေးရုံအပြင်သာမက သေချာတဲ့နည်းလမ်းများနဲ့ မြန်မာ့အရေးကို ထိရောက်စွာဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။အဓိကအချက်များအနေဖြင့်

– စစ်တပ်လက်နက်ဝယ်ယူတဲ့ အရင်းအမြစ်ဖြစ်တဲ့ MOGE ကို ပိတ်ဆို့အရေးယူပေးရန်။

-သာမန်အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေတဲ့ စစ်တပ်ကိုစီးဆင်းတဲ့ ငွေအရင်းအမြစ်များကို ဖြတ်တောက်ပေးရန်။

-မြန်မာအကြမ်းဖက်စစ်တပ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူများကို ကယ်တင်ပေးရန်။

-ပြည်သူ့အစိုးရ NUG ကို အသိအမှတ်ပြုပေးရန်။

-လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို NUG မှတစ်ဆင့် ပေးရန်။

-G7အနေဖြင့် လူအခွင့်အရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီအရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ထိရောက်တဲ့အရေးယူမှုများကို လုပ်ဆောင်ပေးရန်စတဲ့ အချက်များကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

GMSR – Japan 🇯🇵 TOKYOGlobal Myanmar Spring Revolution – JapanEra’sEyes / CRD – ရောင်စုံနွေဦး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို