နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် အာဆီယံနိုင်ငံများ၏ အကူအညီများ ရောက်ရှိ။

မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အာဆီယံနိုင်ငံများက အမေရိကန် ဒေါ်လာ (၁) သိန်းကျော် တန်ဖိုးရှိ အကူအညီ အထောက်ပံ့ပစ္စည်းများ ရောက်ရှိ လာပြီဖြစ်ပါတယ်။

ယာယီအမိုးအကာများ အပါအဝင် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို စစ်ကောင်စီထံသို့ မေလ ၂၁ ရက်က ပေးအပ်လှူဒါန်းလိုက်ပြီလို့ သိရပါတယ်။

အာဆီယံနိုင်ငံများရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ပထမအသုတ်အနေဖြင့် ပစ္စည်းတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာသည့် စင်ကာပူလေတပ်မှ C-130 နှစ်စီးနဲ့ B737-800F လေယာဉ်တို့ဟာ မေ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီပစ္စည်းတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ရဲ့ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက စစ်ကောင်စီခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဟာ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး မုန်တိုင်း ဗဟိုချက်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ အများဆုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် စုစုပေါင်းလူဦးရေ ၅ ဒသမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း UNOCHA က ခန့်မှန်းထားတာဖြစ်ပြီး အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အကူအညီများ လိုအပ်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာပါ။

အာဆီယံအရေးပေါ် ထောက်ပံ့မှု စီမံခန့်ခွဲမှုစနစ် (Disaster Emergency Logistics System for ASEAN- DELSA) အရ မလေးရှားနိုင်ငံ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့ရှိ သိုလှောင်ရုံများက ပစ္စည်တွေးကို ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားတပ်မတော်တို့မှ လေယာဉ်များနဲ့ မြန်မာနိုင်ငံကို စုစုပေါင်း (၁၉) ခေါက် ကူညီထောက်ပံ့ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Era’sEyes /Photo -CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 9 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 5 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 6 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 28 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution