စစ်ကောင်စီ လေတပ်ရဲ့ ဗုံးဒဏ်ကြောင့် ခရစ္စယာန်ဘုရားရှိခိုးကျောင်းပြန်လည်ပြုပြင်လို့မရတဲ့ အထိပျက်စီး သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားပါတယ်။
မေလ၂၃ရက်နေ့ ည ၁၁နာရီခွဲအချိန်မှာ အကြမ်းဖက်နေပြည်တော်လေတပ်က ဂျက်ဖိုက်တာတွေနဲ့ဗုံး (၂) လုံး ကျဲခဲ့ရာ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၁) ကျောင်း မှာ ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့မရတဲ့အထိပျက်စီးသွားခဲ့တာပါ။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၀၁) နယ်မြေကို အကြမ်းဖက်လေတပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“မြဝတီမြို့နယ် အပေါ်အခြမ်း မောခီးကျေးရွာအနီး ပနွဲဖိုးကလိုးရှိ ခရစ်ယာန်ဘုရားရှင်ခိုးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပါ။” လို့ ဒေသခံ တွေကပြောပါတယ်။
Era’sEyes /Photo -CRD