ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPDF) က မေ ၁၇ ရက်ကနေ ၁၉ ရက်အထိ ” ယောနက” ခန်းမဆောင်မှာ ၃ ရက်အကြာ ညီလာခံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ညီလာခံမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ မူဝါဒ ပြင်ဆင် ပြောင်းလဲခြင်း၊ လက်ရှိ ဗဟိုအလုပ်မှုဆောင် ကော်မတီကို ဖျက်သိမ်းပြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ အသစ်ဖြင့် အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်း တို့ကိုလုပ်ဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဌာန ၊ မဟာဗျူဟာ လေ့လာရေးနဲ့ သုသေသနဌာန၊ အရပ်ဖက်အကြံပေး အဖွဲ့ အပါအဝင်ဌာနကြီး (၈) ခုကို ထပ်တိုး ဖွဲ့စည်းနိင်ခဲ့တယ်လို့ ယောဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPDF)အသိပေး ထုတ်ပြန်ထားပါတယ်။
အဲဒီ ညီလာခံ ကို တပ်ဖွဲ့ ဗဟို ဦးဆောင် ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ၊ တပ်ဖွဲ့ အရာရှိ စစ်သည်များ တက်ရောက်ခဲ့ ကြတာဖြစ်ပါတယ်။
ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(YPDF) စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးစု/မျိုးနွယ်စု တန်းတူ ညီမျှရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့ကို ဦေးတည်ကာ ရရာလက်နက် ကိုင်စွဲပြီး နွေဦး တော်လှန်ရေး မှာ ပါဝင်လာတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဖြစ်တယ်လို့ သိရှိရပါတယ်။
Era’sEye/Photo – YPDF/REF:PVTV