နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှစ်နှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ဖက်ဒရယ်ဒီမိုကရေစီ ပြဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများ အားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုဆို

အချိန်ကာလ နှစ်နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး/ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌက ပြောကြားပါသည်။

ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းအတွင်း ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ နှစ်နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း တစ်ထောင်ကျော်ကို KNDF အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီတိုက်ပွဲပေါင်း ကာလတစ်လျှောက် လက်နက်ကြီး/ငယ်၊ ၆၀၀ ကျေ ာ်သိမ်းဆည်းရမိခဲ့တယ်။ စခန်းငယ်ပေါင်း (၁၀) ခု သိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့ပါတယ်။ တပ်ရင်းများ စီမံမှု၊ လက်နက်ထုတ်လုပ်ဝယ်ယူမှုတွေကလည်း တိုးတက်လာတယ်။တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုပြီးတိုးတက်လာပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

ထို့အပြင် လာမည့်ရေရှည်တိုက်ပွဲအတွက်လည်း စစ်ကောင်စီ၏ အားနည်းချက်နှင့် မိမိအားသာချက်ကို သိရှိပြီး ပြင်ဆင်ပါက ပိုမိုအောင်မြင်နိုင်လိမ့်မည် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

အလားတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး တိုက်ပွဲများအတွင်း အသက်ပေးခဲ့သည့် ကရင်နီတပ်တပ်ဖွဲ့ဝင် (၁၅၃) ဦး ရှိခဲ့တယ်လို့ သိရပါသည်။

ကရင်နီတပ်မတော် (KA) ၏ ဦးဆောင်မှုကို အသိအမှတ်ပြု အလေးထားရန်နှင့် KNDF အပါအဝင် ကရင်နီနယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုကို ယခုထက် ပိုမိုအားကောင်းရန်နှင့် စစ်ကောင်စီ၏ သွေးခွဲမှုကို သတိပြုရန် KNDF ဥက္ကဋ္ဌက တိုက်တွန်းထားပါသည်။

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြဋ္ဌာန်းချက်ပါအတိုင်း ပြည်နယ်အင်အားစုများအားလုံးပါဝင်သည့် ပြည်နယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တော့မည်ဟုလည်း ၎င်းက သတင်းစကားပါးသည်။

“ ကရင်နီအစိုးရဟာ မြေပြင်အစိုးရ ဖြစ်တဲ့အတွက် ကရင်နီဒေသအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ အားကောင်းတဲ့ ပြည်သူ့အစိုးရ အုပ်ချုပ်မှုကို ရရှိတော့မှာ ဖြစ်တယ်။ ဒါဟာ စစ်ရေးသာမက နိုင်ငံရေး အောင်မြင်မှုဖြစ်တယ်” ဟု KNDF ဥက္ကဋ္ဌက ရှင်းပြပါသည်။

လက်ရှိ ကရင်နီ(ကယား) ပြည်နယ်၌ စစ်ကောင်စီက တပ်မသုံးခု အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေသည်။

Era’sEye/ (ယခုလ တတိယပတ်အတွင်း ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)/REF:PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 4 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ