စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကုက္ကိုလ်ကုန်းအုပ်စုနဲ့ လွှတ်တိုက်အုပ်စုက နေအိမ် ၃၀ ကို စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက
မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မီးရှို့ ဖျက်ဆီး တာကြောင့်ကျေးရွာခုနစ်ရွာက အရပ်သား ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုက္ကိုကုန်းအုပ်စုထဲက ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာရွာ စတဲ့ ရွာလေးရွာနဲ့ လွှတ်တိုက်အုပ်စုက လွှတ်တိုက်၊ ဆွဲလှဲနဲ့ မဒေါင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
Era’sEye/စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ဆူးတပ်ရွာအတွင်းက မီးရှို့ခံထားရသည့် နေအိမ်များကို မေလ ၁၉ ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)