နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်၊ ကလေး (၁) ဦး သေဆုံး၊ မိခင် နှင့် (၄) နှစ်အရွယ် သမီးငယ် (၁) ဦး ဒဏ်ရာရ။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ စကခ−၁၂ လက်အောက်ခံ လှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ လက်နက်ကြီးများ ထိမှန်ပြီး ရွာတန်းရှည်ကျေးရွာနေ ဒေါ်တပိ (၄၃) နှစ်မှာ ဘယ်ဘက်ပေါင် နှင့် ဘယ်ဘက်နားထင် ကျည်စထိမှန် (စိုးရိမ်) ဒဏ်ရာရခဲ့ပြီး ၎င်း၏သမီး နန်းရေဝတီ (၄) နှစ်မှာ ဘယ်ဘက် နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာရခဲ့ကာ သားဖြစ်သူ စောကျော်သန်းအောင် (၁၂) နှစ်မှာ လက်နက်ကြီးကျည်စထိမှန် အသက် ဆုံးရှုံးခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။


စစ်ကောင်စီတပ်များ ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူလူထုများမှာ နေ့စဥ်နှင့်အမျှ အသက်ဆုံးရှုံး နေကြရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးနေကြရပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဓာတ်ပုံ− အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ ကလေး ၁ ဦး၊ ဒဏ်ရာရခဲ့သော မိခင် နှင့် ၄ နှစ် သမီးငယ်။

သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသမှာ တပတ်ထဲ စစ်ကောင်စီတပ်ကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 4 Views
နိုဝင်ဘာလ (၂၄)ရက်။ အခုတပတ်ထဲ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ (၈)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသတာအောင်မြင်ခဲ့တယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 6 Views
နိုဝင်ဘာလ (၂၄)ရက်။ ကိုဗစ်-၁၉ရောဂါ တိုင်းရင်းဆေးနဲ့ ကုသနိုင်ဖို့ သုတေသနပြုလုပ်ရာမှာ အောင်မြင်ခဲ့တယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက တိုင်းရင်းဆေးသမားတော်တွေညီလာခံမှာ ပြောဆိုခဲ့တယ်လို့ မနေ့ကထုတ်တဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 7 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ပျုစောထီးရွာတွေက နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း(၄)ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 12 Views
နိုဝင်ဘာလ (၂၃)ရက်။ ဂန့်ဂေါမြို့နယ်ထဲရှိ ပျူစောထီးရွာတွေကနေ နှမ်းတွေဝယ်ပြီး တော်လှန်ရေးစိုးမိုးနယ်မြေထဲ အမြတ်တင်ပြန်ရောင်းဖို့ကြိုးစားတဲ့ KKG တပ်ရင်း (၄)ကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ယောအလင်းတန်းကို ပြောဆိုထားချက်အရ သိရပါတယ်။ “ ဟုတ်ပါတယ်။ KKG ရင်း(၄)က lo
မြန်မာသတင်း

စစ်ကောင်စီရဲ့ နှစ် (၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်း တပတ်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 7 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်ကောင်စီရဲ့ နှစ်ပေါင်း(၇၀)ကျော်ကြာ တပ်စွဲထားတဲ့ မထောတပ်စခန်းကို တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မထောတပ်စခန်းဟာ ဖာပွန်ခရိုင်၊ ဖာပွန်-ကမမောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က နံနက် (၇)နာရီ
မြန်မာသတင်း

ရေးမြို့ရှိ အာယုတောင်ရွာက အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 8 Views
နိုဝင်ဘာလ (၂၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်က ရေးမြို့ရှိ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနက်က ကန်တာကားတစ်စီးနဲ့ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ ပစ်သွားတာ။
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းပြီးနောက် အကျဉ်းထောင်ထဲ နိုင်/ကျဉ်း (၁၀၈)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 18 Views
နိုဝင်ဘာလ (၂၃)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၈)ဦးရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းထောင်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 8 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်ရှိ စိန်ပန်းကုန်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရောင်နီနွေဦးအဖွဲ့ထံက သိရပါတယ်။ “ မနေ့က (၁၁)နာရီခွဲလောက် တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စိန်ပန်းကုန်းကျေးရွာအနီးတဝိုက်ကို