နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ် စစ်မြေပြင်ကို စစ်ကောင်စီက အရပ်ဝတ်များဖြင့် အင်အားဖြည့်မည်ဟု အတွင်းသတင်း ရထား

ချင်းပြည်နယ် စစ်မြေပြင်ကို စစ်ကောင်စီက အရပ်ဝတ်များနဲ့ အင်အားဖြည့်မယ်ဆိုတဲ့ အတွင်းသတင်း ရထားကြောင်း CNF က ပြောကြားလိုက်ပါတယ်။


လတ်တလောမှာ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ ဇွန်လအတွင်း တိုက်ပွဲများမှာ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

အများပြည်သူ ခရီးသွားယာဉ်တွေမှာ စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင် ဒါမှမဟုတ် လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ယူပို့ဆောင်တာကို တားမြစ်ကြောင်းနဲ့ ချင်းပြည် နယ်ကို ဒေသခံချင်းပြည်သူများမှအပ ပြင်ပက ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ကြေညာချက်ကို CNF က ဇွန် ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီက “အရင်က စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။အခုက အဲဒီလို မျိုးမဟုတ်ဘဲနဲ့ စစ်ဗျူဟာကို ပြောင်းလိုက်တယ်။ သူတို့ စစ်ကူတွေကို လူအင်အား လက်နက်အင်အား ပို့ရင် မြေပြန့်ကနေ မှတ်ပုံတင်တွေ လုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ တက်လာတယ်လို့ ကျနော်တို့က အတွင်းသတင်း ရရှိထားတာ ရှိပါတယ်။ ပြီးတော့ ကျနော်တို့က တိုက်ပွဲမရှိတဲ့နေရာ ပြည်သူလူထုတွေ စားဝတ်နေရေး ခရီးသွားလာရေးလွယ်ကူအောင်ဆိုပြီး လမ်းကို ဖွင့်ပစ်တယ်။ အဲဒါကို စစ်ကောင်စီက အလွဲသုံးစားလုပ်ပြီး သူတို့ ကျနော်တို့ကို ချေမှုန်းနိုင်ဖို့ အဲဒီလို လုပ်နေတယ်လို့ သတင်းအခိုင်အမာ ရထားတာရှိတယ်” လို့ ချင်းမီဒီယာ ကို ပြောကြားထားပါတယ်။

စစ်တပ်က ထိုးစစ်ဆင်ရာမှာ လူအင်အားဖြည့်တင်းမှုတွေကို လေကြောင်းကနေ လုပ်ဆောင်ပါက များစွာ မထိရောက်တဲ့အတွက် အရပ်ယာဉ်များ သုံးပြီး အင်အားဖြည့်ရန် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဟားခါး – ထန်တလန်မြို့နယ်အကြားကို စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့တာကြောင့် မေလ ၂၉ ရက်နေ့ကနေ ဇွန်လပထမပတ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက် အကျအဆုံးများလည်း ရှိနေပါတယ်။

Era’Eye/Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က