စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇွန်လ ၁၃)က ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြသပိတ်တွင် ပြည်သူများက “ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ “ စာသား ကိုင်စွဲကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်နှင့် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးခံရခြင်းမှ အမြန်ဆုံးလွှတ်မြောက်စေရန်အတွက် ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။
Era’sEye/ဓာတ်ပုံ – ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ