ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်အတွင်းရှိ NLD နာယက သူရဦီးတင်ဦးရဲ့ နေအိမ်ခြံတံခါးဝမှာ ဧည့်သည်လက်မခံပါ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သန်လျင်သဘာဝတရားရိပ်သာဆရာတော်သည် ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းရှိ NLD နာယက သူရဦီးတင်ဦးရဲ့ နေအိမ်သို့ လာရောက်ခဲ့ပြီးနောက်မှာ ယခုလို နေအိမ်ခြံတံခါးဝမှာ ဧည့်သည်လက်မခံပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားတာပါ။
NLD နာယက သူရဦးတင်ဦးရဲ့ နေအိမ်ခြံတံခါးဝမှာ ဧည့်သည်လက်မခံပါ ဆိုင်းဘုတ် ချိတ်ဆွဲထားတာ မှန်ကန်ကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
သန်လျင်သဘာဝတရားရိပ်သာ ဆရာတော်သည် NLD နာယက သူရဦးတင်ဦးရဲ့ နေအိမ်သို့ လာရောက်ကာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ စွန့်လွှတ်ဖို့ ပြောဆိုခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကလည်း NLD နာယက သူရဦးတင်ဦးထံသို့ စစ်ကောင်စီဥက္ကဌအပါအဝင် စစ်ကောင်စီအဖွဲ့ဝင်အချို့ လာရောက်တွေ့ဆုံမှုများရှိခဲ့ကြတာလည်းဖြစ်ပါတယ်။
Era’sEye