နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်အား ၁၀၀ကျော်ပါ စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်

ခင်ဦးကနေ ရေဦးကို ပြန်လာတဲ့ အင်အား ၁၀၀ကျော်ပါ စစ်တပ် စစ်ကြောင်းကို ဇွန် ၁၄ ရက်မှာ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးအနောက်ဘက် မြို့အထွက်ရှိ ကတ္တရာလမ်းမှာ စစ်ကောင်စီ တပ်တွေကမိုင်းရန်ကြောက်ပြီး လယ်လမ်းကြောင်းကနေသွားတဲ့စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကတ္တရာလမ်းပေါ်ကနေ စနိုက်ပါအပါအဝင် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ကြတာပါ။

နှစ်ဘက်အပြန်အလှန် ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ဘက်တော်သားများ ထိခိုက်ကျဆုံးမှုမရှိ ပဲ စစ်တပ်ဘက်က ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အဲဒီကနေ ကံသစ်ကျေးရွာကို ဝင်လာတဲ့ စစ်တပ် စစ်ကြောင်းကို ရွာအတွင်းနဲ့ ရွားအနီးဝင်းကျင်တွေ အပါအဝင် ကံသစ်တံတားအစရှိတဲ့ ၇ နေရာမှာ ပေဒသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ကံသစ်ကျေးရွာအတွင်းကနေအိမ် ၃၃ လုံးကို ၅ ကြိမ်မြောက်အဖြစ်နဲ့ မီးရှို့ဖျက်ဆီးသွားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက် အနည်းဆုံး ၂ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဂွေးကုန်းကျေးရွာ အေနာက်ဘက် မိုဘိုင်းဖုန်းတာဝါတိုင်အနီးမှာ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရကာ သာဂရရွာထဲကို ထမ်းသယ်သွားတယ်လို့ သိရပါတယ်။

Era’sEye/Video/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 3 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 4 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့
မြန်မာသတင်း

ပြန်လွတ်လာတဲ့ နိုင်/ကျဉ်းသူတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ ကန့်သတ်ထား

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ