မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဆုဖလားအောင်မြင်မှုအတွက် သူရရှိတဲ့ ဘောနပ် ဆုကြေးကို မန်စီးတီးအသင်းရဲ့ ဝန်ထမ်းတွေအတွက် ပြန်လည်ခွဲဝေပေးခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်ရယူပေးနိုင်ခဲ့လို့ အပိုဘောနပ်ဆုကြေး ရရှိခဲ့ပြီး အဲဒီဆုကြေးဟာ ပေါင် ၇ သိန်းခွဲခန့်ရှိမယ်လို့မျှော်လင့်ရပါတယ်။
သူရရှိတဲ့ ဆုကြေးကို ဂွါဒီယိုလာက အသင်းရဲ့လုံခြုံရေးဝန်ထမ်း၊ ဧည့်ကြိုဝန်ထမ်းတွေအပါအဝင် အားလုံးကို အညီအမျှခွဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဂွါဒီယိုလာဟာ အသင်းအတွက် အလုပ်လုပ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသူဖြစ်ပြီး အခုလို သမိုင်းဝင် ဖလား ၃ လုံး အောင်မြင်မှုရပြီးနောက်မှာ ဝန်ထမ်းတွေကို လက်ဆောင်အဖြစ် ပြန်လည်း ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ဝန်ထမ်းတွေဟာ အသင်းအောင်မြင်မှုရရှိတိုင်း နည်းပါးတဲ့ ဆုကြေးသာ ရရှိကြတာဖြစ်ပါတယ်။
အခြားသတင်းတွေအရတော့ မန်စီးတီးအသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင်ဂန်ဒိုဂမ်ကို ဆက်ထိန်းထားနိုင်ဖို့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။
ဂန်ဒိုဂမ်ဟာ လာမယ့်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ သူ့ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဂန်ဒိုဂမ်ကို စာချုပ်သစ်မချုပ်နိုင်ခဲ့ဘူးဆိုရင်တော့ လာမယ့်ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။
တဖက်မှာလည်း နည်းပြဂွါဒီယိုလာဟာ ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် လိုက်ပ်ဇစ်နောက်ခံလူ ဗာဒီယိုလ်နဲ့ ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်တို့ကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။