နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ လက်တင်အမေရိက သိပ္ပံ အတွေးအမြင်ကဏ္ဍ အမေရိကန် အာရှ ဥရောပ

တရုတ်သမ္မတ ရှီကျင်းဖျင့် နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တို့ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင်းဖျင့်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် တွေ့ဆုံခဲ့သည်။

ထိပ်တန်းတရုတ်သံတမန် ဝမ်ယီ က ဝါရှင်တန်သည် ‘ပူးပေါင်းဆောင်ရွက်မှု နှင့် ပဋိပက္ခ ဖြစ်မှု ထိုနှစ်ခု အကြား တခုခုကို ရွေးချယ်ရမည်ဟု ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ် ဂျွန်လ ၁၉ရက် ရှန်ဟိုင်း – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် တရုတ်သမ္မတ ရှီကျင်းဖျင့် ထံ တနင်္လာနေ့က အလည်အပတ်ရောက်ရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုသည် ပထဝီဝင်နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ တင်းမာမှုများကြောင့် ပြိုကွဲနေသော ဆက်ဆံရေးကို ပြေလည်အောင်ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံမှုသည် တရုတ်နိုင်ငံမြို့တော်သို့ နှစ်ရက်အကြာလာရောက်လည်ပတ်သည့် ဘလင်ကန် အတွက် တရုတ်ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ရှီက ဘလင်ကန် သို့ ပြောကြားရာတွင် “ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံမှုသည် အပြန်အလှန် လေးစားမှုနှင့် ရိုးသားမှုအပေါ် အခြေခံသင့်ပါသည်ဟုဆိုသည်။

ဤခရီးစဉ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနှင့်၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်စေရန် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု ရှီက နိုင်ငံပိုင် ရုပ်သံ CCTV တွင် ပြောကြားခဲ့ပါသည်။

တနင်္လာနေ့အစောပိုင်းတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယီ က ဘေဂျင်း၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ပြီး ၎င်း၏နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းသင့်ကြောင်း ဘလင်ကန် သို့ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ယီ က ဘလင်ကန်၏ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဘလင်ကန် သို့ ပြောကြားခဲ့သည်။ “တွေ့ဆုံဆွေးနွေးမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ပဋိပက္ခဖြစ်မှု တို့ တွင် တခုခုကို ရွေးချယ်ရန် လိုအပ်သည်” ဟု ဝမ်ယီက ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ဘလင်ကန် အရင် ယခင်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို (Mike Pompeo)က ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ၎င်းသည် အမေရိကန်လေပိုင်နက်အတွင်း တရုတ်သူလျှိုမီးပုံးပျံကို တွေ့ရှိပြီးနောက် ဖေဖော်ဝါရီတွင် ဖျက်သိမ်းခံခဲ့ရသည့် ခရီးစဉ်ကိုပြန်လည်စတင်ခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော နှစ်နိုင်ငံပြိုင်ဆိုင်မှု၏ အရင်းမြစ်များသည် ဝါရှင်တန်၏ နားလည်မှု လွဲမှားခြင်းအပေါ်တွင် တည်ရှိနေသည်ဟု တရုတ်နိုင်ငံ၏ ရေရှည်ရပ်တည်ချက်ကို ဝမ်က ထပ်လောင်းပြောကြားပြီး ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုကို ပြတ်သားစွာကန့်ကွက်ရန် ဘလင်ကန် အား တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့ အစောပိုင်းတွင် ဘလင်ကန် သည် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နှင့် တွေ့ဆုံခဲ့ပြီး ပြိုင်ဆိုင်မှုများကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန် နှစ်ဖက်စလုံးက ဆက်သွယ်ရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်။

တနင်္လာနေ့က တွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နှင့် ဘလင်ကန် သည် တရုတ်မြို့တော်သို့ ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့သည်။ နှစ်ဖက်စလုံးမှ ပြောကြားချက်များသည် ၎င်းတို့၏ ဆွေးနွေးပွဲများကို “ ပွင့်ပွင့်လင်းလင်း၊ ခိုင်လုံသော၊ အပြုသဘောဆောင်သော” အဖြစ် ဖော်ပြပြီး မြင့်မားသောအဆင့်တွင်ရှိတာဝန်ရှိသူများနှင့် အပြန်အလှန်ဆက်ဆံရေးကို ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အလက်စကာတွင် ကျင်းပခဲ့သော ပြင်းထန်သောထိပ်တိုက် တွေ့ဆုံမှုတွင် တရုတ်တို့က ၎င်းတို့ကို အတိုက်အခံဖြစ်သော အမေရိကန်အစိုးရ “ နှိမ့်ချသော” လေသံဖြင့် ပြောဆိုခဲ့သည်ဟု စွပ်စွဲခဲ့သည်။

အထင်အမြင်လွဲမှားမှုအန္တရာယ်ကို လျှော့ချရန် ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ဝါရှင်တန်က ပြောကြားခဲ့ပြီး ဘေဂျင်းသည် တည်ငြိမ်သော၊ ကြိုတင်ခန့်မှန်းနိုင်သောနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တည်ဆောက်ရန် ၎င်း၏ကတိကဝတ်ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“ ချင် နဲ့ ဘလင်ကန် တို့ကြားက တွေ့ဆုံမှုဟာ ဆက်ဆံရေးတည်ငြိမ်ဖို့ နှစ်ဖက်စလုံးရဲ့ လိုလားချက်တွေကို ပြသခဲ့ပြီး ဒီနှစ်မှာ အောင်မြင်မှုအချို့ကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Economist Intelligence Unit (EIU) မှ တရုတ်လေ့လာသုံးသပ်သူ ချင်မ် လီး (Chim Lee) က Nikkei Asia သို့ ပြောကြားခဲ့သည်။ ဘလင်ကန် ၏ ပြောကြားချက်များသည် တရုတ်နိုင်ငံရှိ အမေရိကန်စီးပွားရေးလုပ်ငန်းများကို ဝါရှင်တန်၏ ဦးစားပေးလုပ်ဆောင်မှုတွင် ကွဲပြားခြားနားသော အဆင့်များတွင် ပိုမိုဖလှယ်နိုင်စေရန် လမ်းခင်းပေးနိုင်သည်ကို ဖော်ပြခဲ့သည်။

မီးပုံးပျံ ဖြစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ဖေဖော်ဝါရီလမှ စတင်ကာ အစိုးရနှင့် အစိုးရချင်း အစည်းအဝေးများ တိုးလာကြောင်း တရုတ်နိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မိုက်ကယ်ဟတ်က Nikkei Asia သို့ ပြောကြားခဲ့သည်။

“နွေးထွေးလာတယ်လို့ မပြောလိုပါဘူး၊ နည်းနည်း နွေးထွေးလာတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဟတ် က ဆိုသည်။ သို့သော်လည်း ဘလင်ကန်၏လာရောက်လည်ပတ်မှုမှ ဖန်တီးခဲ့သော အရှိန်အဟုန်ကို နှစ်ဖက်စလုံးက တည်ဆောက်လုပ်ဆောင်နိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

EIU ၏ လီးက မီးပုံးပျံ ဖြစ်ရပ်ကို ရည်ညွှန်းပြီး “ မမျှော်လင့်ပဲအကြီးအကျယ်ထိခိုက်မှု’ ဖြစ်ရပ်များကြောင့် ယိုယွင်းနေသော နှစ်နိုင်ငံ ဆက်ဆံရေး အောက်တွင် ရေရှည် ကြိုးပမ်းမှုများတွင် နောက်ထပ်ကောင်းလာနိုင်ချေနည်းသည်ဟု ကျွန်ုပ်တို့က အလွန်အဆိုးမြင်ထားပါ သည်။ နှစ်နိုင်ငံလုံးရှိ ပြည်တွင်းနိုင်ငံရေး ဖိအားများနှင့် ပထဝီဝင်နိုင်ငံရေး နှင့် စီးပွားရေး အကျိုးစီးပွားများ ကွဲလွဲနေခြင်းသည် အခြားသော အဆိုးဆုံးအချက်များဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံးသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။

© Reuters (ဓါတ်ပုံ) China’s Xi Jinping meets U.S. Secretary of State Blinken ကို ခေတ်မျက်လုံးမှဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က