ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြိုနယ်အတွင်းရှိ အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သာယာလှပစိမ်းလန်းစိုပြည်ရေးစီမံကိန်းအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း ၇၀၀ လျာထားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီအင်းလေးကန်ထိန်းသိမ်းရေးစီမံကိန်းနဲ့ ပတ်သတ်ပြီး ညောင်ရွှေမြိုနယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက စစ်ကောင်စီလက်အောက်ခံသတင်းစာမှာ ပြောကြားထားတာပဲဖြစ်ပါတယ်။
အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကန်ဖြစ်သလို ၂၀၁၃ ခုနှစ်မှာ အာဆီယံတောရိုင်း တိရစ္ဆာန် အမွေအနှစ်ဒေသနဲ့ ၂၀၁၈ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံထားရပါတယ်။
အင်းလေးကန်ဟာ ၄၅ စတုရန်းမိုင်ကျယ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ကုန်းတွင်း ရေကန်ကြီးဖြစ် ပါတယ်။
အင်းလေးကန်ဟာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့ wetland လို့ခေါ်တဲ့ စိမ့်မြေအရပ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ASEAN Heritage Parks အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ် ခံရပြီး၊ ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုရဲ့ ဇီဝအ၀န်းနယ်မြေ World Network of Biosphere Reserves သတ်မှတ်ခံရပါတယ်။
Era’sEye