ယခု ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် ၇ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ယခုလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး၊ စစ်မှုထမ်းဟောင်း ၂ဦးနဲ့ လဝကလုပ်ငန်းလုပ်ကိုင်သူ ၁ဦးတို့ကို ရေးဘီလူးအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့တာပါ။
မွန်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို ကူညီနေတဲ့ ဒလန်တွေအပါအဝင် ထောက်တိုက်တွေအားလုံးကို ကြိုတင်နုတ်ထွက်ရှောင်ရှားဖို့ကိုလည်း ရေးဘီလူးအဖွဲ့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မွန်ပြည်နယ်၊ လမိုင်းမြို့နယ်အတွင်းရှိ လဝကဦးစီးမှူးဟောင်းရဲ့ ဇနီးဖြစ်တဲ့ မှတ်ပုံတင်ပွဲစား ဒေါ်မြင့်ကြွယ်ကို ရေးဘီလူးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။
Era’sEye