စစ်တပ်က ပင်မတပ်စခန်းကိုပြန်လည်သိမ်းပိုက်ရန်အပူတပြင်းပြင်ဆင်
ကရင်နီ ပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗဟိုအချက်အချာကျသော ပင်မ တပ်စခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။
ဇွန် ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က စစ်တပ် အခြေစိုက်စခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ မနက် ၆ နာရီအချိန်မှာ စစ်တပ်က လေယာဉ် ၄ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လာပါတယ်။
အဲဒီစခန်းဟာ မယ်စဲ့မြို့နယ်အတွင်း ကစစ်ကောင်စီတပ်ရဲ့ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ မယ့်စဲမြို့ရဲ့နေရာတချို့ကို တော်လှန်ရေးတပ်တွေက စတင်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့ကဆိုပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင်ပြီ နယ်စပ်ဘက်တော့ ကျန်သေးတယ်း စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်း နဲ့ ထိုင်းနယ် စပ် က နမ့်ပေါင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် ။ ပင်မအခြေစိုက်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်” လို့ KNDF တပ်ဖွဲ့က ပြောပါတယ်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်တပ်က မယ်စဲ့မြို့နယ်အတွင်း ရဟတ်ယာဉ်ဖြင့် အင် အားဖြည့်တင်းနေပြီး စစ်ကောင်စီအတွက် အရေးကြီးသည့် တပ်စခန်းဖြစ်သည့် အတွက် ပြည်လည်ရယူနိုင်ရန် လေကြောင်း ကုန်းကြောင်းမှ အင်အားဖြည့်တင်းကာ ပြန်လည် ရယူနိုင်ဖို့ ကြိုး စားနေတယ်လို့သိရပါတယ်။
Era’sEye
ဓာတ်ပုံ- ကရင်နီပြည်နယ် တိုက်ပွဲများတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် ၁၂၀ မမ အမြောက် အပါအဝင် လက်နက်များ။