မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီက အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
အဆိုပါ အချုပ်ထောင်သစ် တည်ဆောက်နေတာနဲ့ပတ်သက်ပြီး ဇွန်လ ၂၃ရက်နေ့က စစ်ကောင်စီခန့် ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းက သွားရောက်စစ်ဆေးခဲ့တာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထို မော်လမြိုင်အချုပ်ထောင်သစ်မှာ ဗဟိုကင်း ၃ထပ်အဆောက်အအုံ၊ အကျဉ်းသား ၂ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်တို့ပါ၀င်တယ်လို့ ဆိုပါတယ်။အဆိုပါအချုပ်ထောင်အသစ်အား သတ်မှတ် စံချိန်စံနှုန်းများနဲ့အညီ သတ်မှတ်ကာလအတွင်း ပြီးစီးဖို့ကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အချုပ်ထောင်သစ်ကို မော်လမြိုင်မြို့ မင်းရွာကျေးရွာမှာ ဆောက်လုပ်နေခြင်းဖြစ်ကာ ထိုအနီးအနားတစ်ဝိုက်ကို စစ်ကောင်စီက အသွားအလာကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။
Era’sEye