နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို တော်လှန်သောသွေးသားအဖြစ် အတုယူတည်ဆောက်ဖို့ NUG ယာယီသမ္မတပြော

စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို တော်လှန်သော သွေးသားများအဖြစ် အတုယူလေ့ကျင့်တည်ဆောက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။


ယနေ့ ဇွန်လ ၂၆ရက်မှာကျရောက်တဲ့ ၄၇နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။


ဆလိုင်းတင်မောင်ဦးသည် ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေက မသေဆုံးသေးဘဲ အသက်ငယ်ရွယ်ပေမယ့် မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။


ဒါတွေကို ပြန်လည်အောက်မေ့ပြီး ဆလိုင်းတင်မောင်ဦးရဲ့ ပြတ်သားသော ရပ်တည်ချက်ကို အလေးအမြတ်ပြုကြဖို့ကိုလည်း တိုက်တွန်းထားကာ အသက်ပေးကျဆုံးသွားတဲ့ ဆလိုင်းတင်မောင်ဦးကို လေးစားစွာ ဦးညွှတ်ကြောင်း ၎င်းက ထပ်မံပြောပါတယ်။


စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ အညံ့ခံ အရှုံးမပေးခဲ့တဲ့ ဆလိုင်းတင်မောင်ဦးဟာ လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်သော ဝိညာဉ်အားဖြင့် ပူးဝင်ပြီးတော့ စိတ်အားသတ္တိတွေပေးဖို့ကိုလည်း မျှော်လင့်တယ်လို့ ဒူဝါလရှီးလက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ဘေးသင့်ချိန် စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး (၆၃)ကြိမ် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 1 Views
ဧပြီလ (၅)ရက်။ ငလျင်ဘေးသင့်ချိန် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး (၆၃)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးအတွက် ဒုတိယအဖွဲ့ကို ထိုင်းစစ်တပ်စေလွှတ်

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 6 Views
++++++++++++++ ဧပြီလ (၆) ရက်။ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒုတိယအလှည့်ကျအဖွဲ့ စစ်ဘက်ဝန်ထမ်း
မြန်မာသတင်း

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃,၅၆၄ ဦးအထိရှိလာ

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 5 Views
ဧပြီလ (၆) ရက်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၅၆၄ ဦးအထိ ရှိလာပြီး ၅,၀၁၂ ဦး ဒဏ်ရာရရှိကာ ၂၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဒီနေ့ (၆) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ
မြန်မာသတင်း

မန္တလေးမြို့မှာ နိုင်ငံတကာဆေးခန်းများ ယာယီတဲကြီးများဖြင့် လာရောက်ဖွင့်လှိုက်ပြီး လူနာများကို ကုသပေးနေ

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 6 Views
ဧပြီလ (၆) ရက်။ အားပြင်ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတကာမှ ဆေးခန်းများမန္တလေးတွင် လာရောက်ဖွင့်လှစ်ပေးလျက်ရှိတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။ မန္တလာသီရိ ဘောလုံးကွင်းထဲမှာ ရုရှားနိုင်ငံက ဖွင့်လှစ်ထားတဲ့ ရုရှားဆေးကုသမှုစခန်းမှာ ငလျင်ကြောင့်ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေပြီး အသေးစားခွဲစိတ်ကုသခန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများကို တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းစီထောက်ပံ့မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 7 Views
ဧပြီလ (၆) ရက်။ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေကို တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းစီ ထောက်ပံ့ပေးသွားမည်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေအတွက် ငွေကြေးထောက်ပံ့ပေးသွားမယ့်အပြင်
မြန်မာသတင်း

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့က ဆေးကုသ ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 4 Views
ဧပြီလ (၆) ရက်။ တရုတ်နိုင်ငံ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံ မန္တလေးတိုင်း မြို့ပြဧရိယာမှာ ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ဆက်လက်လုပ်‌ဆောင်ပေးနေပါတယ်။ အဲ့ဒီအဖွဲ့မှာ ဆေးစစ်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးအကြံပြုခြင်း၊ ဆေးဝါးလမ်းညွှန်ပေးခြင်းနဲ့ ဆေးဝါးများ ဝေငှပေးခြင်းဖြင့် ငလျင်ဒဏ်ခံစားခဲ့ရတဲ့
မြန်မာသတင်း

ငလျင်ဒဏ်ခံနေရသူတွေအတွက် အကူအညီတွေကို မြန်မာစစ်တပ်က ကန့်သတ်ထိန်းချုပ်နေတယ်လို့ ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
++++++++++++++++++++++++++ မြန်မာစစ်တပ်ဟာ ငလျင်ဒဏ်ခံရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ကန့်သတ်ချုပ်ချယ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ မတ်လ 28 ရက်နေ့က အင်အား ရစ်ချက်တာစကေး 7.7 မဂ္ဂနီကျူ့ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ လူအသေအပျောက်များပြားခဲ့ပြီး ကြီးမားတဲ့ပျက်ဆီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာသတင်း

အင်းတော်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား (၂)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 5 ရက်
  • 14 Views
အင်းတော်မြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား (၂)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့ ဧပြီလ (၅)ရက်။ ဧပြီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်ကစပြီး အင်းတော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Indaw