နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီ ဘောလခဲမြို့နယ် တိုက်ပွဲတွင် အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစီးကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းပစ်ချခဲ့ဟုဆို

ကရင်နီ ဘောလခဲမြို့နယ် အတွင်း တိုက်ပွဲတွင် အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစီးကို တော်လှန်ရေးအဖွဲ့တွေ က ပူးပေါင်းပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ဖွဲ့နှင့် နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန်လ ၃၀ရက် နေ့လယ်က ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲရွာအနီးမှာအဲဒီလေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်တပ်ဖွဲ့ နဲ့ နီးစပ်တဲ့သူတွေက စစ်ကောင်စီရဲ့ K-8အမျိုးအစား လေယာဉ်ဖြစ်တယ်လို့ ‌ပြောကြပါတယ်။

အဲဒီလို ပစ်ခတ်လိုက်တာကြောင့် လေယာဥ်ငယ်ဟာ သံလွင် မြစ်ဘေးနားကိုပျက်ကျသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်နီဒေသခံတစ်ဦးကလည်း ” ဖြစ်စဉ်တော့မသိပေမယ့် သူတို့အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကိုတစ်ခေါက်ဗုံးကြဲပြီး အဲဒီဘက် လှည့်လာတော့ အဲဒီမှာရှိတဲ့ ကလေးတွေက ဝိုင်းပစ်ကြတယ်ပြောတယ် ကလလတက။ ဝိုင်းပစ်ကြတော့ ဘယ်လိုဖြစ်တယ်တော့ မသိဘူး သံလွင်ဘေးနားမှာ ကျသွားတယ်ပြောတယ်။ သံလွင်ဘေးမှာရေထဲတော့ မဟုတ်ဘူး။ သံလွင်ဘေးလို့ အဲဒီလိုပြောတယ်” ဟု ပြောသည်။

“ကျတော်တို့ ကလလတ ဗဟိုကလည်း အတည်ပြုပြီးပါပြီ။ ပစ်ချနိုင်ခဲ့ပါတယ်။ ဟတ်စကီးတော့ မဟုတ်ဘူး။ တိုက်လေယာဉ်ပါ၊ ဘာအမျိုးအစားလဲတော့ အတည်မပြုနိုင်သေးဘူး။ မြေပြင်ကို နှိမ့်နှိမ့်လေး ကပ်ပျံသွားလို့ လက်နက်ငယ်တွေနဲ့ပဲ ဝိုင်းပစ်ချ နိုင်ခဲ့ပါတယ်လို့ မြေပြင်က ရဲဘော်တွေက သတင်းပို့လာပါတယ်။” လို့ ကလလတ တာဝန်ရှိသူတဦးက ကရင်နီစစ်​ရေးသတင်းများ​ဖော်ပြ​ပေး​​နေသည့် Karenni’s Voice ကိုအတည်ပြုပြောကြားထားပါတယ်။

K-8 လေယာဉ်တို့သည် အမောင်းသင် ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်း ပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်းတာဝန်များကို လုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။

#Era’sEye/ (စစ်ကောင်စီ၏ K-8 လေယာဉ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို