နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗုံးကြဲခံရတဲ့ ညောင်ကုန်းရွာ ဒေသခံတွေ စိုးရိမ်နေရ

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်တာကို ခံလိုက်ရတဲ့ ညောင်ကုန်းရွာက ဒေသခံတွေဟာ ထပ်ပြီးတော့ အလားတူ တိုက်ခိုက်တာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။


“ပြေးတာပေါ့ဗျာ ၂ ညအိပ် ၃ ည အဲဒီလောက် ကြာတယ်၊ အခုတောင်ရွာထဲ သိပ်မစုံကြသေးဘူး၊ အခုတောင် ဒီဘက်နယ်တွေမှာ သတင်းတွေ ထွက်နေတာ တိုက်လေယာဉ်နဲ့ လာကြဲမယ် ကြဲမယ်ဆိုပြီး ကောလဟာလတွေကလည်း အများကြီးပဲ သတင်းထွက်ပြီဆိုရင် လုပ်တာများတော့ ကျွန်တော်တို့ ပြည်သူတွေက ရှောင်ရတာပေါ့ ဘယ်သူမှ အာမခံနိုင်ဘူးလေ ပတ်ရမ်းနေတာဆိုတော့”

ညောင်ကုန်းရွာဒေသခံက ပြောပြတာပါ။ တိုက်ခိုက်ခံရတဲ့ ကျေးရွာဟာ တော်လှန်ရေး အင်အားစုတွေ ရှိနေတယ်လို့ စစ်ကောင်စီဘက်က ယူဆချက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုပေမယ့် တစ်ကယ့် လက်တွေ့ကတော့ ဒေသခံတွေနဲ့ ဘုန်းတော်ကြီး တစ်ပါး ပျံလွန်တော်မူခဲ့ပါတယ်။

“သတင်းပေးရှိလို့ ကြဲတာလည်း ဖြစ်မယ် ဒါပေမယ့် သူကလေ စစ်ကိုင်းတိုင်းကို ချေမှုန်းချင်တဲ့ စိတ်နဲ့လည်း ဖြစ်မယ် စစ်ကိုင်းတိုင်းကို သူတို့ မနိုင်ဘူး နိုင်ငံရေးအရဘဲ ဖြစ်ဖြစ် လက်နက်ကိုင်ဘဲဖြစ်ဖြစ် သူတို့ မနိုင်ဘူး ပြည်သူလူထုကို အကြောက်တရား လုပ်တဲ့ သဘောလို့တော့ မြင်တယ် ပုံထဲကြည့်လိုက်ဗျာ ဒီအရွယ်တွေ ဘယ်လိုလုပ် လက်နက်ကိုင်မတုန်း သေသွားတာ အများကြီး”

ဘုန်းတော်ကြီး တစ်ပါး အပါအဝင် အရပ်သား ၉ ဦး သေးဆုံးခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုနဲ့ ပျတ်စီး ဆုံးရှုံးမှုတွေအကြောင်းလည်း သူက အခုလို ပြောပြပါတယ်။

“၆ ပေလောက် အကျယ် ၂ ပေအနက်က အဲဒီ ၅ ယောက်သေတဲ့ အိမ်ရဲ့ အနောက်ဘက် ပေ ၁၀၀ လောက်မှာ ၃ ကျင်းတွေ့တယ် ကျွန်တော့် မျက်စိနဲ့ မြင်တာ ပျတ်ဆီးတယ်ဆိုတဲ့ ကျောင်းဆောင်က ၁ ဆောင်ကို ၁ လုံးကျတာ နောက်ပြီး ၅ ယောက်သေတဲ့ အိမ်အရှေ့ဘက်မှာ အပင်အကြီးကြီး ၅ ပင် ပြတ်ထွက်တာက ၃ ပင် အပင်ကို ထိပြီး အဝေးထိ ပြေးတာ အဲဒါတွေလည်း ရှိသေးတယ် လက်နတ် ဗုံးလိုခေါ်တဲ့ အလုံးကြီး ကျတာပေါ့ ၅ လုံးလောက်ရှိမယ် ကျင်းတွေက ကျွန်တော်တို့ အနောက်တောင်မှာ ၂ လုံးဟိုဘက်က ၃ လုံးဆိုတော့ အနည်းဆုံး ၆ လုံးရှိတယ် ကျောင်းဆောင်တွေက ပူးပြီးတော့ ပျတ်ဆီးတာ မဟုတ်ဘူး တစ်ဆောင် တစ်လုံးကျလို့ ပျက်စီးတာ ”

အဲဒီဒေသတွေမှာ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေ ထိတွေ့တာတွေ မရှိဘဲ စစ်ကောင်စီဘက်က အခုလို တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးကျော် ပျတ်စီး ခဲ့တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ညဏ်လင်းသစ် သုတေသန အဖွဲ့ရဲ့ ထုတ်ပြန်စာထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေက ၄၅၄ ကြိမ်ရှိပြီးတော့ သေဆုံးသူ ၂၉၂ ဦးထိ ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 23 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 24 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 34 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 40 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 40 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး