နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်-ရန်ကုန် အမှတ်(၈) ကားလမ်းမကြီးကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ရန်ပြင်ဆင်

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ထားဝယ်-ရန်ကုန် အမှတ်(၈) ကားလမ်းမကြီးကို လွှမ်းမိုးထိန်းချုပ်နိုင်ဖို့ နယ်မြေစိုးမိုးရေးလုပ်ငန်း‌တွေ စတင်ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် ဖွဲ့(TPLF)က ဇူလိုင် ၄ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အိမ်ပြန်ချိန်တွေမဝေးတော့ဘူးဆိုတာကိုလည်း သူက ပြည်သူကို သတင်းစားပါးလိုက်ပါတယ်။

ပြည်သူတွေအ​နေနဲ့ သတိထားသွားလာကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတက်နိုင်ဆုံးပူးပေါင်းပေးဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာ လုံခြုံရေးအရစစ်ဆေးမှု‌‌ တွေကိုလုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ဆေးမှုကိုပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ ခရီးသွားပြည်သူတွေကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( T1)နဲ့ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ဒါ့အပြင် ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 36 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့က လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် အရပ်သားအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဓနုပြည်သူတွေ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ DPLF/DPLA တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 42 Views
နိုဝင်ဘာလ (၂၇)ရက်။ ဓနုပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ ဒီကနေ့မှာကျရောက်တဲ့ ဓနုအမျိုးသားနေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ လွတ်ငြိမ်းမိန့်နဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လွတ်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 36 Views
နိုဝင်ဘာလ (၂၇)ရက်။ ဒီကနေ့ အင်းစိန်ထောင်ကနေ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ အသက်(၉၀)အထိ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ အတူတူအလုပ်လုပ်ဖို့ အားတင်းထားတယ်။ ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့တယ်” လို့ သူက အင်းစိန်ထောင်ရှေ့မှာ သတင်းမီဒီယာတွေကို
မြန်မာသတင်း

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 43 Views
နိုဝင်ဘာလ (၂၆)ရက်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံရသူတွေ၊ ကြားနာဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်တပ်က မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
မြန်မာသတင်း

ရန်ကုန် အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ် ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 33 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရန်ကုန်ရှိ အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ အဲ့ဒီကောင်လေးက အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်နားမှာ တကိုယ်တော်ဆန္ဒပြတာ။ အဲ့ဒါကို
မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 45 Views
ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို နိုဝင်ဘာလ (၂၆)ရက်။ အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက် ဖလူးဒေသတိုက်ပွဲထဲ DKBA ရဲ့ ဗိုလ်မှူးကြီး နိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဘက်ကနေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေလို့ NUG ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 59 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG က အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်သူတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင်
မြန်မာသတင်း

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က အင်္ဂါနေ့တွင် ဥရောပ ဦးဆောင်သော ကိယက်ဗ် (Kyiv) အတွက် လုံခြုံရေး အာမခံချက်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 37 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက်