နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို ,ယနေ့ ဇူလိုင်(၆) ရက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက်မှာ စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပါတယ်။
နေပြည်တော် ရာဇဌာနီလမ်းပေါ်ရှိ ကုမုဒြာအဝိုင်းနှင့် ကြားပန်းအဝိုင်းကြားရှိ ရုံးအမှတ် (၄၄) မှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးမှ အရာရှိကြီးများကို ရုံးအမှတ် (၆)၊ စွမ်းအင်ဝန်ကြီးဌာနသို့ ခေါ်ယူစစ်ဆေးနေ တာဖြစ်တယ်လို့ သိရပါတယ်။
MOGE မှာ သူလျှိုရှိတယ်လို့ သတင်းရတယ်ဟုဆိုက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်တယ်လို့ MOGEနဲ့ နီးစပ် သူတွေက ပြောပါတယ်။
စစ်တပ်က ဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာ MOGE ၏ ဌာနခွဲတစ်ခုဖြစ်တဲ့ စီမံဌာနက ဝန်ထမ်းအားလုံးကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း က နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် ပြည်ပမှာ ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေပြီးအဲဒီငွေတွေကိုထုတ်ယူနိုင်ဖို့အတွက် စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) မှာ လျှို့ဝှက်ဘဏ်စာရင်းတွေ ဖွင့်လှစ်ခိုင်းထားဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကလည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်းကိုလည်း အမေရိကန်အစိုးရက ကြေညာခဲ့တာပါ။
Era’sEye/REF:MMN