မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျုံအိတ်တံတား ပြုပြင်ရေးအတွက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အပါအဝင် ပစ်မှတ်နေရာသုံးခုကိုဇူလိုင် ၇ရက်မနက်ပိုင်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ (KNLA) က ပြောပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၈ရက်ညပိုင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ကျုံအိတ် တံတားကို စစ်ကောင်စီက ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ တံတားကင်းပုန်းနေရာ နှစ်နေရာကို ပူးပေါင်းတပ်က ဒီကနေ့မှာ ထပ်မံတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
ကျုံအိတ် တံတားလာစစ်တဲ့ စစ်ကောင်စီအဖွဲ့ကိုလည်း ဇွန် ၂၉ရက်မှာ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီး၁၀လုံးချ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုတွေရှိခဲ့တာပါ။
အဆိုပါ တံတား ကင်းပုန်းနေရာ နှစ်နေရာအပြင် ဘီးလင်း အခြေစိုက် စစ်ကောင်စီ၏(၃၁၄) အမြောက်တပ်သို့လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
KNLAနှင့် ပူးပေါင်းတပ်ဖွဲ့တွေဟာသထုံ၊ ကျိုက်ထို၊ ဘီးလင်းစသည့် မြို့နယ်များအတွင်း၌ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိနေပါတယ်။
#Era’sEye
(ယမန်နေ့က KNLAပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းမှ တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)