ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ “7JULY စိတ်ဓါတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်တွန်းလှုံ့ဆော်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင်လ ၇ရက်နေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၆၁) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ရန်ကုန်မြို့တစ်နေရာမှာ စာတန်းချိတ်ဆွဲ လှုံ့ဆော်မှုတစ်ရပ် ပြုလုပ်ခဲ့တာပါ။
“၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံဟာ နေဝင်းစစ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်အား ကျောင်းသားထုက ပထမဆုံး စတင်တွန်းလှန် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် ကျောင်းသားထုတစ်ရပ်လုံးအား လေးစားဦးညွှတ်ကြောင်းလည်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။