နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါင်မြို့က ပျူစောထီးခေါင်းဆောင်တစ်ဦးနေအိမ် ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ နေအိမ် ဝင်ရောက်စီးနင်းခံရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပေါင်မြို့နယ်၊ ထန်းလေးရွာ ဗမာစုရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရွှေမြရဲ့ နေအိမ်မှာ လက်နက်များရှိကြောင်း သတင်းရရှိချက်အရ သထုံခရိုင်၊ အမှတ်(၂) KNLA/PDF ပူးပေါင်းတပ်ရင်းက UG ရဲဘော်များက ဇူလိုင်လ ၉ရက်နေ့ ညနေ ၅နာရီခန့်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် ရွှေမြရဲ့နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ရာ နေအိမ်အတွင်းမှ ရိုင်ဖယ်သေနတ် ၃လက်နဲ့ BA52 စတင်းဂန်း ၁လက်၊ ကျည်အိမ် ၆ခုနဲ့ ကျည်ဆံများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ဖော်ထုတ်စစ်ဆေးရာမှာ နောက်ထပ် ပျူစောထီးအဖွဲ့ဝင် ၂ဦးရဲ့ နေအိမ်မှ ရိုင်ဖယ် ၁လက်စီနဲ့ ကျည်အိမ် ၂ခု စုစုပေါင်း လက်နက် ၆လက်၊ ကျဉ်အိမ် ၈ခုနဲ့ ကျည် ၁၀၀တောင့်ခန့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

နေအိမ်များသို့ ဝင်ရောက်စီးနင်းရာမှာ ပျူစောထီးများဘက်က ပြန်လည်ခုခံခြင်းမပြုနိုင်ဘဲ အသာတကြည် လက်နက်ချခဲ့တာကြောင့် အသက်အန္တရာယ်တစုံတရာ အရေးယူမှုမပြုလုပ်ဘဲ သတိပေးပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 14 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 15 Views
နိုဝင်ဘာလ (၁၇)ရက်။ ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 15 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။ မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ်
မြန်မာသတင်း

ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 13 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြိုရှိ ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 15 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ‌ရန်ကုန်တိုင်း မှော်ဘီမြိုနယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို မြိုပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုရဲ့ မှော်ဘီက အရေခြုံ ကြံ့ဖွတ်ရုံးကို UG ရဲဘော်တွေက
မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 29 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၉)နာရီဝန်းကျင်က မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 25 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတဦး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သူက ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်မှာကို
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 29 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက