နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

သတင်းပေးချက်တွေကြောင့် မြစ်ငယ် PDF အဖွဲ့ဝင်တွေကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်


သတင်းပေးပို့ချက်တွေအရ မြစ်ငယ် PDF အဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၁၅ရက်နေ့ နေ့လည်ပိုင်းက မန္တလေး၊ အမရပူရမြို့နယ်ရှိ ဝက်ကုန်းတမာတန်းရပ်ကွက်မှဦ မြစ်ငယ် PDF အဖွဲ့ဝင် သီဟဇော်ထွေး(ခ)သီဟအား Sig sauer ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် ၂ခု၊ ၎င်းကျည် ၁၀တောင့်၊ လက်ပစ်ဗုံး ၂လုံးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ထွက်ဆိုချက်တွေအရဆိုပြီး အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့မှာ မြစ်ငယ် PDF အဖွဲ့ဝင် အောင်ဘိုဘိုသန်း(ခ)ဘိုသန်းနဲ့ လုရီ(ခ)သန့်ဇင်ဦးတို့အပြင် မြစ်ငယ်လမ်းဆုံမှာ မင်းမင်းဟိန်း(ခ)လေဒီကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။



၎င်းတို့သည် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ စေခိုင်းချက်အရ မြစ်ငယ်မြို့၊ မြန်မာ့မီးရထားဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်တင်တင်ချိုကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားသလို စဉ့်ကိုင်မြို့မှာ သတ်ဖြတ်မှု ၂ကြိမ်နဲ့ ဖောက်ခွဲမှု ၁ကြိမ်ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များကို လာကယ်ရန် စစ်ကောင်စီက လိမ်ခေါ်ခိုင်းပြီး ကားနဲ့တိုက်ဖမ်းဆီးခဲ့တာကြောင့် တစ်ဦးကျဆုံးကာ ၄ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြစ်ငယ် PDF ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 21 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ်
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 23 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 15 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ
မြန်မာသတင်း

အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 32 Views
အောက်တိုဘာလ (၂၈)ရက်။ အာဆီယံအနေနဲ့ NUG နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့ပေးဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

နိုင်ငံ့လူဦးရေ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ် လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 26 Views
အောက်တိုဘာလ (၂၈)ရက်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ဆယ်စုနှစ်ထဲ ပထမဆုံးအကြိမ်အနေနဲ့ အနည်းငယ်လျော့ကျလာတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ နိုင်ငံရဲ့ လူဦးရေဟာ
မြန်မာသတင်း

ရေးမြို့ရှိ DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 26 Views
အောက်တိုဘာလ (၂၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရေးမြို့ နှင်းစုံကျေးရွာက DKBA ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်းတန်ဦးဆောင်တဲ့ စကမ ပူးပေါင်း DKBA စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်းက
မြန်မာသတင်း

ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 21 Views
အောက်တိုဘာလ (၂၇)ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ လူစုလူဝေးဖြစ်စေမယ့် ပွဲကျင်းပတာတွေ မပြုလုပ်ဖို့ မြို့နယ်ပအဖက အထူးမေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နဲ့ (၂၅)ရက်တို့မှာ စစ်ကော်မရှင်က ကန်ပက်လက်မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် (၅၀၀)ဗုံးတွေနဲ့ (၂)ရက်ဆက်တိုက်
မြန်မာသတင်း

စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ နှိုးဆော်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 40 Views
အောက်တိုဘာလ (၂၇)ရက်။ စစ်အုပ်စုရဲ့ ဝါဒဖြန့်ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ထိရောက်စွာ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ “ ခေတ်သမိုင်းကို ဒုန်းစိုင်းမယ့်သူများ” ဆိုတဲ့ ဝါဒဖြန့်ဇာတ်လမ်းကို ဖြန့်ဝေခဲ့ပြီး