နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်တပ်ရဲ့ K-8W တိုက်လေယာဉ် ပစ်ချခံရပြီးသေဆုံးသူ လေယာဥ်မှူး နှစ်ဦးကို စစ်ကောင်စီဥက္ကဋ္ဌက ဆုတံဆိပ်တွေချီးမြှင့်

ကရင်နီပြည် ရွာသစ်ဒေသအနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ K-8W တိုက်လေယာဉ်ကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ပစ်ချနိုင်ခဲ့ပါတယ်။

အဲဒီလိုပစ်ချခံရတာကြောင့်သေဆုံးခဲ့တဲ့ လေယာဉ်မှူးနှစ်ဦးကို စစ်ကောင်စီဥက္ကဋ္ဌက ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ ၃၀ရက်နေ့က ရွာသစ်ဒေသအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကစေလွှတ်လိုက်တဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တဲ့အပေါ် စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖြစ်စဉ်အသေးစိတ်ကို ကလလတဘက်က ဇူလိုင်လ ၂၇ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကလလတတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချခဲ့တဲ့ စစ်တပ်ရဲ့ တိုက်လေယာဉ်မှာ K-8W ဖြစ်ပြီး လေယာဉ်အမှတ်(၃၉၃၅)ဖြစ်ကာ ပစ်ချခံရတဲ့နေ့မှာ ဗိုလ်ကြီးသော်ဇင်(လေ ၄၁၉၈)နဲ့ ဗိုလ်အောင်ဖြိုးကျော် (လေ ၄၃၄၉)တို့ မောင်းနှင်ခဲ့ပြီး တောင်ငူလေယာဉ်ကွင်းကနေ ပျံတက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

လေယာဉ်ပျက်ကျရာ ရွာသစ်ဒေသအရှေ့ဖက်တောအတွင်းသို့ ချဉ်းကပ်ရန် မလွယ်ကူခဲ့ပဲ အဝေးကသာ မှတ်တမ်းတင်ဓါတ်ပုံအချို့ ရိုက်ယူနိုင်ခဲ့သလို လေယာဉ်ပျက်ကျခဲ့ရာ ဒေသတစ်ဝိုက်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်စွာဖြင့် အပူတပြင်းရှာဖွေပြီး အပျက်အစီးတွေကို တစမကျန် ကောက်ယူသွားတယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားခဲ့ကြတဲ့ ဗိုလ်ကြီး သော်ဇင်ကို “ဗိုလ်မှူး/သူရဘွဲ”နဲ့ ဗိုလ်အောင်ဖြိုးကျော်အား “ဗိုလ်ကြီး/သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်”တို့ကို စစ်ကောင်စီဥက္ကဋ္ဌက ဇူလိုင်လ ၂၄ရက်မှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကလလတအဖွဲ့အစည်းနဲ့ ပူးပေါင်းတပ်မှာ လေယာဉ်ကိုပစ်ခတ်နိုင်တဲ့ လက်နက်အမျိုးအစား မရှိပေမယ့် သူသေငါရှင် ရုတ်တရက်ကြုံရတဲ့ဖြစ်ရပ်မှာ တပ်ဖွဲ့ဝင် တပ်မှူးတပ်သားတွေက ရှိသမျှ လက်နက်ငယ်တွေနဲ့ ယခုလို ရဲရဲရင့်ရင့် ရင်ဆိုင်ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် K-8W ပျက်ကျတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပစ်ခတ်ပျက်ကျခဲ့တဲ့ K-8W သတင်းဖြစ်စဉ်ကို NUG ရဲ့ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဋ္ဌထံ အသိပေးအစီရင်ခံထားပြီး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းပေးသူတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ကလလတရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 32 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 30 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့