တော်လှန်ရေးမအောင်မြင်ရင် သားစဉ်မျိုးဆက် ခုနှစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမှာဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA/KNDF)စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး အောင်မြတ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ (၁၇)ရက်မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့သို့ KA/KNDF စစ်ဦးစီးချုပ်က မိန်းခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပက္ခာပြုပြီး တပ်မှူးများက ဦးဆောင်လမ်းပြပေးရန်နဲ့ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်တပ်မတော်/KNDF/KPDF တွေကို ကူညီထောက်ပံ့နေတဲ့ ပြည်တွင်းပြည်ပရှိ တော်လှန်ရေးဘက်တော်သားတွေ၊ ရဟန်းရှင်လူမိဘပြည်သူနဲ့ လူမှုအဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ဂုဏ်ပြုတယ်လို့ ဆိုထားပါတယ်။
မိမိတို့တပ်က ကြေးစားတပ်မဟုတ်ဘဲ မျိုးချစ်တပ်ဖြစ်တာနဲ့အညီ ကြေးစားတပ်တွေထက် စည်းကမ်းရှိရမှာဖြစ်သလို ဥပဒေလေးစားကာ အမိန့်နာခံပြီး စည်းကမ်းရှိကြဖို့နဲ့ လူထုကိုကာကွယ်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
#Era’sEye \News