ဒီကနေ့ ဩဂုတ်လ ၂၂ရက် မနက်အစောပိုင်းအချိန်ကစပြီး ဒီမော့ဆိုမြို့ရှိ တနီးလာလဲရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့၊ တနီးလာလဲကျေးရွာထဲက ပြည်သူပိုင်နေအိမ်တစ်လုံးကို ရွာထဲမှာရောက်နေတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ရာ မနက် ၉နာရီအချိန်အထိ လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတနီးလာလဲကျေးရွာထဲနဲ့ တောင်ပေါ်တစ်ကြောတို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လပေါင်းများစွာကစပြီး ဒီကနေ့အချိန်အထိ အထိုင်ချတပ်စွဲထားတာဖြစ်တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို တစ်ဖက်သတ် ဖျက်ဆီး၊ မီးရှို့တာတွေကို မကြာခဏ လုပ်ဆောင်နေတယ်လို့ KNDF က ဆိုထားပါတယ်။
ဒီမော့ဆိုနဲ့ ဖရူဆိုမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့နှစ်ပတ်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye\News