နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

အာရှ

အာရှ

အိန္ဒိယအာကာသယာဉ် လပေါ် အောင်မြင်စွာ ဆင်းသက်

အိန္ဒိယအာကာသအေဂျင်စီရဲ့ မောင်းသူမဲ့အာကာသယာဉ် ချန်ဒရာယန်း (၃) ဟာ လရဲ့တောင်ဝင်ရိုးစွန်းပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။ အရင် လပေါ်ဆင်းသက်နိုင်တဲ့ ဆိုဗီယက်ယူနီယံ၊ အမေရိကန်နဲ့ တရုတ်တို့ပြီးရင် အိန္ဒိယက စတုတ္ထမြောက် နိုင်ငံဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီအာကာသယာဉ်ကို ဇူလိုင်လ (၁၄) ရက်နေ့က လွှတ်တင်ခဲ့တာပါ။

အိန္ဒိယ အာကာသ သုတေသနအဖွဲ့ရဲ့ အာကာသယာဉ်ဟာ ရုရှားနဲ့ ယှဉ်ပြိုင်ပြီး လရဲ့ တောင်ဝင်ရိုးစွန်းပေါ်ကို ပထမဆုံး ဆင်းသက်ဖို့ ကြိုးပမ်းခဲ့တာပါ။ အဲဒီနေရာက အရိပ်ကျနေတဲ့ မီးတောင်ဝတွေမှာ နောင်အနာဂတ်မှာ လပေါ်အခြေချဖို့ ထောက်ပံ့ပေးနိုင်တဲ့ ရေခဲတွေ ရှိနေတယ်လို့ ယူဆထားကြပါတယ်။

ရုရှားရဲ့ လူနာ-၂၅ အာကာသယာဉ်ကတော့ သြဂုတ် ၂၀ ရက်နေ့က လမျက်နှာပြင်ပေါ် ဆင်းဖို့ ကြိုးစားနေစဉ်မှာ ပျက်ကျသွားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်မှာ ချန်ဒရာယန်း (၁) ကို လွှတ်တင်ခဲ့ပြီး လပတ်လမ်းကြောင်းအတွင်း ရှာဖွေရေးလုပ်ငန်းများ အောင်မြင်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ချန်ဒရာယန်း (၂) ကို လွှတ်တင်ခဲ့ပေမယ့် လပေါ်ဆင်းသက်နေစဉ် ဆက်သွယ်ရေး ပြတ်တောက်မှုနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) မှာ ဝန်ထမ်းများဟာ ဒီနေ့မှာ အာကာသယာဉ် ဆင်းသက်နေတာကို ကြည့်ရှုနေခဲ့ကြပါတယ်။ အိန္ဒိယစံတော်ချိန် ညနေ (၆) နာရီမှာ သူတို့ရဲ့ အောင်မြင်မှုကို သိမြင်လာတဲ့အခါ လက်ခုပ်သြဘာတီးကာ ဝိုင်းအော်ကြပြီး ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ကြပါတယ်။

တောင်အာဖရိက နိုင်ငံတကာ ကွန်ဖရင့်တစ်ခုကို တက်ရောက်နေတဲ့ ၀နျကွီးခြုပျ မိုဒီလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် “ ဒီသမိုင်းဝင်ဖြစ်ရပ်ကို ထာဝရ အမှတ်ရနေမှာပါ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ အိန္ဒိယနိုင်ငံ၊ အိန္ဒိယနိုင်ငံတော်သစ်အတွက် အောင်ပွဲဆင်တဲ့အခိုက်အတန့်ပါ” လို့ ချီးကျုးပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမယ့် ပရောဂျက်အဖြစ် အာကာသနဲ့ပတ်သက်တဲ့ နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဓာတ်ပုံ။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် သြဂုတ်လ ၂၃ ရက်နေ့က ချန်ဒရာယန်း (၃) မောင်းသူမဲ့ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်ခြင်းအပေါ် ကလေးများ ပျော်ရွှင်နေကြစဉ် (AP)

ချန်ဒရာယန်း (၃) လွှတ်တင်စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 304 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 415 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 386 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “