ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့ ဩဂုတ်လ (၂၄)ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ (၂၃)ရက်နေ့က စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းဘက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို စစ်ကောင်စီရဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နဲ့ (၈)နှစ်အရွယ် ကလေး(၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ လာရောက်ဗုံးကျဲတာတွေ ပြုလုပ်ပြီး အရပ်သားတွေကို ရန်သူသဖွယ် ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ KNDF ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
Era’sEye\News